
ချန်ဒြာ
ကရင်ပြည်နယ် ၊ ဒူးသခရိုင် ၊ သထုံမြို့နယ် ကဒီပုကျေးနယ်အုပ်စု ၊ ကဏ္ဍိကုန်းကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ၁ ဦးသေဆုံးခဲ့ရပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ၊ မေလ ၂၄ ရက်နေ့တွင် KNU က ထုတ်ပြန်လိုက်သည်။
မေလ ၂၁ ရက်နေ့ ၊ ညနေ ၈ နာရီ ၁၈ မိနစ်အချိန်ခန့်တွင် ကဏ္ဍိကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် အမတ-၃၁၄ မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။
ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် ပဏ္ဍိကုန်းကျေးရွာမှ အသက် ၄၈ နှစ်အရွယ် နော်အေးနိုင် သေဆုံးခဲ့ရပြီး အသက် ၄၈ နှစ်အရွယ် နော်မီးနုနှင့် သမီးဖြစ်သူ အသက် ၁၁ နှစ်အရွယ် နော်ခင်ပပလေးတို့ လက်နက်ကြီးစထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့ကြောင်းဆိုသည်။
ထို့အပြင် လက်နက်ကြီးကျည်စထိမှန်၍ (၁) နော်မချစ် ၊ (၂) စောဖိုးသိမ်း ၊ ( ၃) စောဘိုနိုင် ၊ (၄) စောသန်းစိုး နှင့် ( ၅) ဒေါ်ချိုဇင်နွယ်တို့၏ နေအိမ် ၅ လုံး ပျက်ဆီးသွားခဲ့ကြောင်း ဖော်ပြပြောဆိုထားသည်။