သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝေဖန်မှု မြင့်တက်နေသည့် ရုပ်သံဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ပြည်သူများအား တနင်္ဂနွီ ဝန်ခံတောင်းပန်

AB News – မတ် ၄၊ ၂၀၂၆

ရက္ခိုင်အမျိုးသမီးများအား လိင်အသားပေးပြောဆိုစနောက်သည်ဟုဆိုကာ ဝေဖန်မှုမြင့်တက်နေသည့် ရုပ်သံဗီဒီယိုနှင့်ပတ်သက်၍ ရက္ခိုင်ပြည်သူများအား အဆိုတော် တနင်္ဂနွီမှ ယနေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) မှ ဝန်ခံတောင်းပန်ထားသည်။

ရက္ခိုင်အဆိုတော် တနင်္ဂနွီ အပါအဝင် အမျိုးသား ၄ ဦးမှာ ကိုသက်(Ko Thet) ဖေ့စ်ဘုတ်ခ်လူမှုကွန်ရက် စာမျက်နှာမှ “ရက္ခိုင်အမျိုးသမီးတွေဟာ ချစ်ဖို့ကောင်းသလို စားဖို့လည်း ကောင်းတယ်။ အဲမှာတစ်ကွက်” ဟု ရက္ခိုင်အမျိုးသမီးအပေါ် လိင်အသားပေး စနောက်ပြောဆိုထားသည့် ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ သည်။

ဗီဒီယိုဖိုင်ထဲ ပြောဆိုထားသည့် စကားလုံးများသည် အမျိုးသမီးများအား စော်ကားသည်ဟု သတ်မှတ်ကာ ရက္ခိုင်အသိုင်းအဝိုင်းထဲ ဝေဖန်မှုများ မြင့်တက်နေသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရက္ခိုင်အဆိုတော် တနင်္ဂနွီမှ ဝန်ခံတောင်းပန်ထားပြီး စိတ်မကောင်းဖြစ်မိကြောင်း ဆိုသည်။

“အခု ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကနေ ဟာသအမြင်နဲ့ လိုင်းပေါ်တင်မိခဲ့တာပါ။ ကိုယ့်ရက္ခိုင်ပြည်သူတွေကို စော်ကားတဲ့ရည်ရွယ်ချက် လုံးဝ မပါ ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ မှားမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်” ဟု ရေးသားထားသည်။

ယင်းအပြင် အင်တာနက်ပေါ် ပျံ့နှံ့နေသည့် ထိုရုပ်သံဗီဒီယိုဖိုင်ကို ဖျက်ချပေးရန် အဆိုတော် တနင်္ဂနွီမှ ရက္ခိုင်ပြည်သူများအား တောင်းဆိုထားသည်။

ပုံ – တနင်္ဂနွီ (facebook)

AB_News #ရက္ခိုင်အဆိုတော် #တနင်္ဂနွီ #လိင်အသားပေး #ရုပ်သံဗီဒီယိုဖိုင် #ဝန်ခံတောင်းပန်

ထင်မြင်ယူဆချက်‌‌ပေးရန်