သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရွေးကောက်ပွဲဖြစ်မြောက်ရန် ဆန္ဒမဲပေးချိန်တွင် မဲစာရင်းမှားယွင်းမှု အနည်းဆုံးဖြစ်စေမည့် အီလက်ထရောနစ် မဲပေးစက်များ ဆောင်ရွက်နေဟု စစ်ကောင်စီ ပြော

AB News – မေ ၂၄၊ ၂၀၂၅

နွယ်စိုး

သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်ရန် ဆန္ဒမဲပေးချိန်တွင် မဲစာရင်းမှားယွင်းမှု အနည်းဆုံးဖြစ်စေမည့် အီလက်ထရောနစ် မဲပေးစက်များ ဆောင်ရွက်နေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်အောင်လှိုင်က ပြောကြောင်း သိရသည်။

ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ် သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ဒုတိယအပတ်ထဲတွင် ကျင်းပသွားမည် ဖြစ်သည်ဟု စစ်ကောင်စီက ပြောထားသည်။

ထို့အပြင် လာမည့် ရွေးကောက်ပွဲတွင် ဒေသနှင့် နိုင်ငံတော်အကျိုးအား အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်သွားမည်ဟု စကစခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တပ်အရာရှိများ၊ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ယမန်နေ့ မေလ ၂၃ရက်နေ့က တွေ့ဆုံးချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် ပြည်ထောင်ေခါင်းဆောင်အဆင့် တိုင်းနှင့် ပြည်နယ် လွှတ်တော်များ ခေါ်ယူချိန်တွ်င လွှတ်တော်အထမြောက်ရေး ဆောင်ရွက်သွားကြရမည့်အပြင် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် စစ်တပ်အနေဖြင့် အာမခံဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ အမြန်ဆုံးလုပ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် သန်းခေါင်းစာရင်း ကောက်ယူခြင်းကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်ဟု မင်းအောင်လှိုင်က ဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ