သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်သို့ ကုန်တင်ပို့မှု စွပ်စွဲချက်ဖြင့် ငါးသိုင်းချောင်းမှ စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါအဝင် ၁၁ ဦး ဖမ်းဆီးခံရ

AB News – ဧပြီ ၂၃၊ ၂၀၂၅

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် စီးပွားရေးလုပ်ငန်းရှင် ၉ ဦးအပါအဝင် ၁၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်မှ ၂၁ ရက်အတွင်း ငါးသိုင်းချောင်းမြို့ရှိ နာမည်ကြီးပွဲရုံတစ်ခုဖြစ်သော ရွှေပြည်အေးပွဲရုံမှ လုပ်ငန်းရှင် ၉ ဦးနှင့် ဆိုင်ကယ်ကယ်ရီသမား ၂ ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များကို ရက္ခိုင်ပြည်ဘက်သို့ ကုန်ပစ္စည်းများ တင်ပို့သည်ဟု စွပ်စွဲထားပြီး ဆိုင်ကယ်ကယ်ရီသမား ၂ ဦးကိုမူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည်ဟု မတရားစွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံထားရသော စီးပွားရေးလုပ်ငန်းရှင်များကို ရေကြည်မြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

ယခင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ငါးသိုင်းချောင်းမြို့မှ စက်သုံးဆီရောင်းဝယ်သူ လုပ်ငန်းရှင် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက PDF ထောက်ပို့ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၀ တောင်းယူကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်