သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် ၂ လအတွင်း လုယက်မှု ၄ ကြိမ် ဖြစ်ပွား

AB News – ဩဂုတ် ၁၂ ၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်ရှိ မြို့နယ်အချို့တွင် ဇူလိုင်လမှစ၍ ခိုးဆိုးလုယက်မှုများ ၄ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း AB News ၏ သတင်းမှတ်တမ်းများအရ သိရသည်။

ရသေ့တောင်မြို့နယ်တွင် ၂ ကြိမ် နှင့် ကျောက်တော်မြို့နယ်တွင် ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာတွင် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ဝင်းနုယဉ်သည် နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် ဓားပြတိုက်ခံရပြီး အသတ်ခံခဲ့ရသည်။

အဆိုပါ ဓားပြတိုက်မှုတွင် ရွှေ ၃ ကျပ်သား၊ ငွေကျပ် ၃ သိန်းခွဲနှင့် ဖုန်း ၁ လုံးပါသွားကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လအတွင်း ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်း ကျေးရွာ၌လည်း ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရွှေ ၁၀ ကျပ်သားကျော်နှင့် ငွေသားအချို့ ပါသွားခဲ့သည်။

ရသေ့တောင်မြို့နယ်၊ စေတီပြင်-ကျောက်ပန္ဒူ တောင်ကျော်လမ်းတွင်လည်း ဓားပြတိုက်မှု နှစ်ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့ ညနေပိုင်းများတွင် မောင်တောမြို့နယ်မှ K Pay ဖြင့် ငွေထုတ်ယူပြီး ပြန်လာသူများကို ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းကြောင့် အမျိုးသားနှစ်ဦးသည် ငွေကျပ် သိန်း ၈၀ ခန့် ဆုံးရှုံးခဲ့ရသည်။

ယခုကဲ့သို့ လုယက်မှုများကြောင့် ပစ္စည်းဥစ္စာများသာမက အသက်အန္တရာယ်ပါ ထိခိုက်လာသည်ကို တွေ့ရသည်။

မောင်တောမြို့နယ်မှ ဒေသခံတစ်ဦးက “ဓားပြတိုက်မှုတွေက တစ်ရက်ထက်တစ်ရက် ပိုများလာတယ်။ သွားလာရေးတွေမှာလည်း ကြောက်စရာကောင်းတယ်” ဟု ဆိုသည်။

စစ်ကောင်စီ၏ ကုန်လမ်း၊ ရေလမ်းပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ဒေသတွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ စားဝတ်နေရေး ကျပ်တည်းလာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ