
AB News – ဖေဖော်ဝါရီလ ၂၆ ၊ ၂၀၂၅
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ ရှေးဟောင်း သျှစ်သောင်းဘုရား ဂေါပက သက်ကြီးပိုင်း အမျိုးသား ၁ဦး အား အမည်မသိလူ ၁ဦးက ဓါးဖြင့် ခုတ်သတ်ခဲ့ကြောင်း သိရသည်။
သတ်ဖြတ်ခံရသူမှာ သျှစ်သောင်းဘုရား ဂေါပက လူကြီး ဦးအောင်မြင့်ဇော်ဖြစ်ပြီး ၎င်းမှာ ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟု သိရသည်
ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ် ၁၂ နာရီက ဦးအောင်မြင့်ဇော်သည် သျှစ်သောင်းပုထိုးအတွင်း အလှူခံဌာန၌ ရှိနေစဥ် အမည်မသိလူ တစ်ဦးက အလှူငွေများကို တောင်းရာ မပေးသဖြင့် ဓါးဖြင့် ခုတ်သတ် သွားခဲ့ကြောင်း မြောက်ဦးမြို့ခံက ပြောသည်။
‘’မနေ့က ၁၂ နာရီလောက်မှာ ဘယ်သူမှန်းမသိတဲ့ လူ ၁ဦးက အလှူခံဌာနမှာ အလှူခံလို့ရထားတဲ့ ပိုက်ဆံတွေကို တောင်းတယ်။ တောင်းမရလို့ ဓါးနဲ့ ခုတ်သွားတယ်’’ဟု မြို့ခံ ၁ ဦးက AB News သို့ပြော သည်။
သတ်ဖြတ်သွားသူမှာ မင်းပြားမြို့မှ ဖြစ်ပြီး မြောက်ဦးတွင် အိမ်ထောင်ကျနေသူ တစ်ဦးဖြစ်သည်ဟု သိရသည်။
၎င်းအား အရေးယူဆောင်ရွက်ထားမှု အခြေအနားအား AB News က စုံစမ်းနေဆဲ ဖြစ်သည်။