သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်ရွှီကန်ကျေးရွာရှိ မီးဘေးသင့် မိသားစုအား HDCO မှ အရေးပေါ်ထောက်ပံ့မှုတစ်ချို့ ပေးအပ်

AB News – သြဂုတ် ၁၄၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာတွင် နေအိမ်မီးလောင်မှုကြောင့် အခက်အခဲ ကြုံတွေ့နေရသော မိသားစုဝင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က အရေးပေါ်ထောက်ပံ့ကူညီတစ်ချို့ ပေးအပ်ခဲဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးမောင်သိန်းနှင့် သမီးဖြစ်သူ မစန္ဒဦးတို့၏ နေအိမ်နှစ်လုံး မီးထဲပါသွားခဲ့သည်။

မီးလောင်ရခြင်းမှာ ဦးမောင်သိန်း၏ နေအိမ်ခေါင်မိုးပေါ်တွင် တင်ထားသော ဆိုလာပြားနှစ်ချပ်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးဘေးကြောင့် အိမ်သုံးပရိဘောဂ၊ အဝတ်အထည်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ အားလုံး ဆုံးရှုံးခဲ့ရသည်။

လက်ရှိတွင် အဆိုပါမိသားစုသည် ကျေးရွာ၏ ဓလေ့ထုံးတမ်းအရ တစ်ပတ်အတွင်း အခြားအိမ်များတွင် ခိုလှုံခွင့်မရသောကြောင့် ဘုန်းတော်ကြီးကျောင်းတွင် ယာယီနေထိုင်နေရသည်။

မီးဘေးသင့်ခဲ့သော မစန္ဒဦးက “ကျမတို့မှာ ဘာပစ္စည်းမှ မကျန်တော့ဘူး။ အခုလို အခက်အခဲဖြစ်နေချိန်မှာ HDCO ကနေ လာရောက်ကူညီပေးတဲ့အတွက် တော်တော်လေး အဆင်ပြေသွားပါတယ်” ဟု ဆိုသည်။

HDCO မှ အဆိုပါမိသားစုအတွက် စားဝတ်နေရေးအဆင်ပြေစေရန် အရေးပေါ်ထောက်ပံ့မှုအဖြစ် ဆန် ၂ တင်း၊ ခြင်ထောင် ၂ လုံး၊ ပဲ၊ ငရုတ်သီးနှင့် အဝတ်အထည်အချို့ကို အရေးပေါ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မီးဘေးသင့်မိသားစုအတွက် နေအိမ်ပြန်လည်တည်ဆောက်ရေးနှင့် ရေရှည်စားဝတ်နေရေးအတွက် အကူအညီများ ဆက်လက်လိုအပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ