
AB News – သြဂုတ် ၁၁၊ ၂၀၂၅
မောင်တောမြို့နယ်တွင် ငါးရှားသွားသည့် ဒေသခံအမျိုးသားတစ်ဦးကို ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့တွင် ARSA အကြမ်းဖက်အဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သတင်းရင်းမြစ်များမှ တဆင့် သိရသည်။
ARSA အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသူမှာ မောင်တောမြို့နယ်၊ ခရားတန်းကျေးရွာမှ ဦးကျော်ဇံ၏ သား အသက် ၅၄နှစ်အရွယ် ဦးမဲထွန်းလှ ဖြစ်ကြောင်း သိရှိရသည်။
ယမန်နေ့ သြဂုတ်လ ၁၀ ရက်နေ့၊ နေ့လည် ၂ နာရီခန့်အချိန်တွင် ချရားတန်းကျေးရွာမှ အသက် ၃၀ အရွယ် ဦးလှမောင်သိန်းနှင့် မဲထွန်းလှတို့သည် ချရားတန်းရွာ၏ အနောက်ဖက် ဂေါ်ဒူသာရချောင်း တံတားအနီး၌ ငါးရှာနေစဉ် ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့်က လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လွတ်မြောက်လာသူ ဦးလှမောင်သိန်းက AB News သို့ ပြောသည်။
“ARSA အဖွဲ့က ကျနော်တို့ကို ဗမာစကားနဲ့ ပြောပြီး ခေါ်တယ်။ ဟေ့ကောင်တွေ မင်းတို့ ဘယ်ကလဲ၊ ဒီကိုလာခဲ့ မင်းတို့မလာရင် ငါတို့ လာခဲ့မယ်၊ ပြီးလို့ရှိရင် ကျနော်တို့ကို သေနပ်နဲ့ ပစ်ခတ်ခဲ့တယ်” ဆိုသည်။
ARSA အဖွဲ့က ဗမာစကားဖြင့် ခေါ်ယူသောကြောင့် ချရားတန်းရွာသား နှစ်ဦးမှာ ကြောက်လန့်၍ ငါးဆက်မရှာတော့ဘဲ ထွက်ပြေးရာတွင် ARSA အဖွဲ့က ၄င်းတို့ကို သီနပ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ယမန်နေ့ ညနေပိုင်းတွင် ဦးလှသိန်းမောင်သည် အခင်းဖြစ်ပွားနေရာမှ ရွှေဗဟိုရွာဖက်သို့ ထွက်ပြေးလာပြီး လွတ်မြောက်ခဲ့လာကြောင်း သူက ဆိုသည်။
“ARSA အဖွဲ့က ပစ်တော့ ကျနော်တို့ လွတ်ရာထွက်ပြေးလာခဲ့တယ်။ မနေ့က ညနေပိုင်းမှာ ကျနော်ဟာ ရွာကို ရောက်လာပြီး ဦးမဲထွန်းလှ ကို မေးကြည့်တော့ သူ နေအိမ်ကို မရောက်သေးပါဘူး။ ရွာသားတွေနဲ့ လိုက်ရှာကြည့်တော့ အခင်းဖြစ်ပွားတဲ့ တံတားအနီးမှာ သေနပ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ပါတယ်” ဟု ဆိုသည်။
ဦမဲထွန်းလှအား ချရားတန်းကျေးရွာသားများက ရှာဖွေရာတွင် အခင်းဖြစ်ပွားသည့် တံတားအနီးတွင် သူ့၏ ဦးခေါင်း၌ သေနပ်ဒဏ်ရာဖြင့် သေဆုံးနေပြီး ရုပ်အလောင်းကို အဝတ်ဗလာ ချွတ်၍ ထားခဲ့ကြောင်း ရွာသားများက ဆိုကြသည်။