သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့တွင် မူဆလင် နေအိမ် ၂ ဆောင် မီးလောင်ပြာကျ

AB News – ဖေဖော်ဝါရီ ၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့၊ မူဆလင်များနေထိုင်သည့် ရပ်ကွက် ၂ တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ ဆောင် မီးလောင်ပြာကျသွားခဲ့ကြောင်း AB News က ကွင်းဆင်း​ တွေ့ရှိရသည်။

မီးလောင်မှုသည် ယမန်နေ့၊ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်ဘေးရှောင်သွားကြသည့် အသက် ၆၀ ကျော်အရွယ် ဟူစိမ့်ဂျူဟာ နှင့် အလီဂျူဟာ တို့၏ နေအိမ်များ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက
“ည ၉ နာရီကျော်လောက်မှာ မီးတောက်တွေ အရှိန်ပြင်းပြင်း တက်လာတာ မြင်လိုက်ရတယ်။ အိမ်ပိုင်ရှင်တွေက မရှိတော့ပဲ ​ပြီးခဲ့တဲ့ တစ်နှစ်နီးပါးကတည်းက စစ်ဘေးရှောင် သွားကြတာပါ။ ကံကောင်းတာက အာရက္ခ​ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မီးသတ်ဌာနဝန်ထမ်း​တွေ နဲ့ ရပ်ကွက်ထဲကလူတွေ အမြန် ဝိုင်းငြိမ်းလိုက်လို့ တခြားအိမ်တွေပါ မပါသွားတာ” ဟု ဆိုသည်။

အဆိုပါ နေအိမ်ပိုင်ရှင်များသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စစ်ဘေးရှောင်သွားကြကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မီးသတ်ဌာန နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ အချိန်မီ ဝိုင်းဝန်းငြိမ်း သတ်နိုင်ခဲ့သဖြင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိဘဲ ၁၀ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်ကို တွေ့ရသည်။

ယခုမီးလောင်မှုမှာ မည်သည့်အကြောင်းရင်းကြောင့် စတင်လောင်ကျွမ်းခဲ့သည်ကိုမူ မသိရသေးဘဲ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

AB_News #Maungdaw #FireIncident #Arakan #FireDepartment #PublicSafety

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ