သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့ WFP မှ ရိက္ခာဆန်အိတ်များအား စစ်ကောင်စီအဖွဲ့က စစ်ဖက်သုံးပစ္စည်းအဖြစ် အသုံးပြုခဲ့သည့်အပေါ် လက်ခံနိုင်ဖွယ်ရာမရှိဟု WFP အဖွဲ့ထုတ်ပြန်

AB News-ဒီဇင်ဘာ ၁၉၊ ၂၀၂၄

မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်၊ နခခ-၅ အတွင်းတွင် စစ်ကောင်စီအဖွဲ့သည် WFP အမှတ်အသားပါ ဆန်အိတ်များအား စစ်သုံး ကာဗာအဖြစ် အသုံးပြုခဲ့သည်ကို တွေ့ရှိကြောင်း Arakan Bay News သတင်းထောက်များ ကွင်းဆင်း သတင်းရယူ၍ ဒီဇင်ဘာလ ၁၄ ရက်နေ့က သတင်းတင်ပြခဲ့သည်။

“ထိခိုက်အလွယ်ဆုံးသော ရပ်ရွာလူထုအတွက် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှသည် လက်ခံနိုင်ဖွယ်မရှိပါ။ ထိုလုပ်ရပ်များသည် ကယ်ဆယ်ရေးအထောက်အပံ့များအား အရေးပေါ်လိုအပ်နေသူများကို ထိခိုက်နစ်နာစေသည်။” ဟု WFP က ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်သည်ကိုတွေ့ရသည်။

ထို့အပြင် “ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် WFP က ထပ်လောင်း တောင်းဆိုလိုက်သည်။ ၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက် ရမည်ဖြစ်သည်။ “ ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောမြို့ ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရုံးခွဲဂိုဒေါင်အား နခခ-၅ မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မူဆလင်လက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့တွင် ဖောက်ထွင်းကာ ဂိုဒေါင်ရှိ ဆန်အိတ်များနှင့် စားနပ်ရိက္ခာများအား ယူသွားပြီး ဂိုဒေါင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ဘူးသီးတောင်မြို့ထဲရှိ WFP ၏ ဂိုဒေါင်နှင့် MSF ၏ ဆေးဂိုဒေါင်များကိုလည်း ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီသည် ရက္ခိုင်ပြည်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ မရရှိနိုင်ရန် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့သည့်အပြင် ပဋိပက္ခဖြစ်ပွားနေသည့် ကာလအတွင်း စစ်ဘေးရှောင် ဒေသခံများအတွက် အဓိကလိုအပ်သည့် ဆေးဝါးများနှင့် စားနပ်ရိက္ခာများရှိသည့် UN ရုံးများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ကာ စစ်ရာဇတ်ဝတ်မှုများကို ကျူးလွန်နေသည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ