သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA ဆို

မပြီးမြောက်သေးသည့် တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးခရီးပန်းတိုင်နှင့် သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ကြောင်း ၁၅နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့သို့   ညီနောင်မဟာမိတ် PSLF/TNLA နှင့် MNTJP/MNDAA တို့မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ဖော်ပြထားသည်။

PSLF/TNLA နှင့် MNTJP/MNDAA ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် “မိမိတို့အနေဖြင့် ဆက်လက်၍ မပြီးမြောက်သေးသည့် မိမိတို့၏ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော တော်လှန်ရေးခရီးပန်းတိုင်နှင့် မိမိတို့၏ သက်ဆိုင်ရာလူမျိုးနှင့် ဒေသတို့၏ အန္တိမပန်းတိုင်သို့ သွားရောက်သည့် ခရီးလမ်းတွင် ရက္ခိုင့်တပ်တော်နှင့်အတူ တက်လှမ်းသွားမည်ဖြစ်ပါကြောင်း ပြောကြားရင်း၊ ရက္ခိုင့်ရဲဘော်များအားလုံး ကျန်းမာပကတိ အစဉ်အမြဲတည်ရှိကြပါစေကြောင်း ဆန္ဒမွန်ပြုရင်း ၁၅နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့သို့ ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်” ဟု ဆိုထားသည်။

Arakan Army Day
15th AA DAY

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် နှင့် တအောင်း၊ ကိုးကန့်တို့သည် တော်လှန်ရေးကာလတစ်လျှောက် မဟာမိတ်အချင်းချင်းအကြား အပြန်အလှန် အသိအမှတ်ပြုကာ လက်ချင်းချိတ်ပြီး တော်လှန်ရေးခရီးကြမ်းကို အတူတကွတက်လှမ်းခဲ့ကြသည့် ညီနောင်ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၅ နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့တွင် ညီနောင်မဟာမိတ်သုံးဖွဲ၏ ‘၁၀၂၇ စစ်ဆင်ရေး’ အောင်မြင်မှုများနှင့် အတူ ရက္ခိုင့်တပ်တော်သည် ဒေသတစ်ခုလုံးနီးပါးကို ရက္ခိုင်လူထုလက်ဝယ်သို့ ပြန်လည်အပ်နှင်းနိုင်ပြီး၊ သက်ဆိုင်ရာလူမျိုးနှင့် ဒေသကို  ဆက်လက်တည်ဆောက်ရမည့်ကာလသို့ တစ်ဆင့်တက်လှမ်းနေခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

၁၅ နှစ်ပြည့် သလင်းရတုတွင် ရက္ခိုင့်တပ်တော်၏ အောင်မြင်မှုများနှင့်အတူ မိမိတို့ မဟာမိတ်နှစ်ဖွဲ့မှ ရက္ခိုင့်တပ်တော်၏ ခေါင်းဆောင်များ၊ ရဲဘော်/မေများ၊ ရက္ခိုင်သားများနှင့်အတူ အထူးပင်ဝမ်းမြောက် ပါကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ညီနောင်မဟာမိတ် (Three Brotherhood Alliance) ကို စတင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် ၁၅ နှစ်ပြည့် ရက္ခိုင့်တပ်တော်နေ့သို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဟင်္သာတခရိုင်အမှတ် ၁ တပ်ရင်း (P2 6001)၊ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အင်အားစု (PRA-Magway)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ -PLF၊ ချင်းကာကွယ်ရေးတပ် – အရှို၊ ချင်းကာကွယ်ရေးတပ် (မင်းတပ်)၊ လူ့ဘောင်သစ်တပ်မတော်၊ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းညီနောင်အဖွဲ့တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ