သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် ရေကြီး၍ စပါးခင်းများ ပျက်စီးသွားသည့် လယ်သမားများကို ULA/AA က မျိုးစပါး ထောက်ပံ့‎


‎AB News – သြဂုတ် ၇၊ ၂၀၂၅
‎ဒေဝီ

‎မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးပြီး စပါးခင်းများပျက်စီးသွားသည့် မင်းပြားက လယ်သမားများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

‎မိုးသည်းထန်စွာရွာသွန်းခဲ့၍ ရေကြီးမှုဒဏ်ကို ခံခဲ့ရသော မင်းပြားမြို့နယ်၊ ပန်းမြောင်းကြီးချောင်း တလျှောက်ရှိ ချင်းဆိပ်၊ တောတန်း၊ မြင်းကဆိပ်၊ ဝါးတောင်၊ ဒုံကြီးနှင့် ကုလားမတောင်ရွာများက လယ်သမားများကို ယမန်နေ့ သြဂုတ် ၆ ရက်နေ့တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မျိုးစပါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဒေသခံလယ်သမားများ၏ ပြောကြားချက်အရ သိရသည်။

‎ကူညီထောက်ပံ့ရာတွင် စပါးခင်း ပျက်စီးမှု အနည်းနှင့် အများကိုကြည့်ပြီး မြင်းကဆိပ်ရွာကို စပါးတောင်း၂၀၀၊ ဝါးတောင်ရွာကို စပါးတောင်း ၆၀၀၊ တောတန်းရွာကို စပါးတောင်း ၄၀၊ ဒုံကြီးရွာကို ၁၀ တောင်း၊ ကုလားမတောင်ရွာကို ၁၅ တောင်း၊ ချင်းဆိပ်ရွာကို စပါးတောင်း ၁၅၀ နှင့် ရပ်ရွာ ၆ ရွာအတွက် စပါးတောင်း စုစုပေါင်း ၁၁၁၅ တောင်း ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

‎အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရအနေဖြင့် မင်းပြားအပါအဝင် ရေလွှမ်းမိုးမှုကြောင့် စပါးခင်းများပျက်စီးသွားသည့် တခြားမြို့နယ်များက ကျေးရွာများကိုလည်း မျိုးစပါးများ ဆက်လက် ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

‎အလားတူ ရေလွှမ်းမိုးမှုကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့သည့် မြောက်ဦးမြို့နယ်၊ ကျွဲတဲ၊ဘူးတလုံး၊အမြောက်တောင်၊နဂါးကွေ့အစရှိသည့် ရွာများက လယ်သမားများကိုလည်း အာရက္ခပြည်သူ့တော်လှန်အစိုးရက မျိုးစပါးများ ထောက် ပံ့ပေးခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

‎ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မင်းပြားအပါအဝင် ရက္ခိုင်ပြည်ရှိ မြို့နယ်တချို့တွင် ရေကြီးမှုဒဏ်ကို ခံစားခဲ့ရသော​ကြောင့် စိုက်ပျိုးထားသည့် စပါးခင်းအများစုမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ