သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားတွင် မူဆလင်ကလေးငယ် ၁ ဦး ရေနစ်သေဆုံး

AB News – ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

မင်းပြားမြို့နယ်၊ ဆပ်ကျာမူဆလင်ကျေးရွာ အရှေ့ဘက်ရှိ လေးမြို့မြစ်အတွင်း ကလေးငယ် ၁ဦး ရေချိုးနေစဥ် ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ရေနစ်သေဆုံးခဲ့သူမှာ မင်းပြားမြို့နယ်၊ ဆပ်ကျာမူဆလင်ကျေးရွာမှ ဦးအာဘူလု၏ သား မောင်မာမတ်ခါး အသက် ၈ နှစ်ဖြစ်သည်။

ယမန် ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ နေ့လည် ၁၂နာရီခွဲအချိန်တွင် မာမတ်ခါးသည် မိဘများအလုပ်သွားနေချိန် တွင် ရွာအရှေ့ဘက်ရှိ လေးမြို့ကမ်းစပ်တွင် ရေချိုးနေစဥ် ရေနစ်မြုပ်၍ သေဆုံးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ရေနစ်သေဆုံးသွားသည့် မာမတ်ခါး၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းအချိန်တွင် မိသားစုဝင်များနှင့် ရွာသားများက သင်္ဂြိုလ်‌ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ရက်နေ့၊ နေ့လယ်ပိုင်းအချိန်တွင် မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာတွင် အမျိုးသားတစ်ဦးနှင့် ကလေးငယ် ၁ တစ်ဦးရေနစ် သေဆုံးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင်လည်း မင်းပြားမြို့နယ်၊ ငပြီအင်းကျေးရွာတွင် သက်ကြီးပိုင်း အမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ