
AB News – ဧပြီ ၂၇၊ ၂၀၂၅
မင်းပြားမြို့တွင် ယနေ့ ဧပြီလ ၂၇ ရက်နေ့ ၊နေ့လည်ပိုင်း၌ ဆိုင်ကယ် ၁ စီး မတော်တဆ တိုက်မိမှု ဖြစ်ပွားခဲ့ရာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဒဏ်ရာရရှိသော ကလေးငယ်မှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်နေ ဦးထွန်းထွန်းသိန်းနှင့် ဒေါ်စိုးစန္ဒာတို့၏ သမီးဖြစ်သူ မနှင်းသီရိရွှေ ဖြစ်သည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ကိုသိန်းအောင်ဆန်း သည် မင်းပြားမြို့မှ သူဌေးကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် လမ်းဖြတ်ကူးနေသော မနှင်းသီရိရွှေကို ဆိုင်ကယ်အရှိန် မထိန်းနိုင်သဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောကြားချက်အရ သိရသည်။
အဆိုပါ ဆိုင်ကယ်တိုက်မှုကြောင့် မနှင်းသီရိရွှေသည် ဘယ်ဘက်ပေါင်ကျိုးသွားသည့်အပြင် ဦးခေါင်းနှင့် ခန္ဓာကိုယ်၌လည်း အတွင်းဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော သူမသည် အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိသည်။
ထို့ပြင် ဆိုင်ကယ်မောင်းနှင်သူ ကိုသိန်းအောင်ဆန်းကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Photo – GEM