သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်မြို့နယ်တွင်  ဒေသခံ ပြည်သူ ၂ သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေကြရ၊ လူသားချင်းစာနာမှု အကူအညီများလိုအပ်နေကြ

AB News – နိုဝင်ဘာ ၁၇၊ ၂၀၂၅
ချန်ဒြာ

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသခံပြည်သူ ၁၇၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည့်အတွက် အကူအညီများလိုအပ်နေကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန-ပေါက်မြို့ (NUG) ၏ ထုတ်ပြန်ချက်အရသိရသည်။

အကြမ်းဖက် စစ်ကော်မရှင်တပ်က ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပေါက်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

မြိုင်စက်မှု(၂) မှ ထွက်လာသော အင်အား (၂၀၀) ကျော်ပါသော အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းသည် ဆေးပင်ကြီးရွာ၊ ကမ္ဘာဖြူရွာနားတွင် ရောက်ရှိနေပြီး ပေါက် ကပစ (၂၄) လက်နက်စက်ရုံမှ ထွက်လာသော အကြမ်းဖက် စစ်ကော်မရှင် အင်အား (၁၈၀) ကျော်ပါ စစ်ကြောင်းသည် ချောင်းဆုံရွာ၊ မျဉ်းချောင်းရွာတွင် စစ်ကြောင်းထိုး ရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် ပေါက် ကပစ (၂၄) လက်နက်စက်ရုံမှ ထွက်လာသော အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းသည်လည်း ရွှေဘုံသာ ပျူရွာမှတဆင့် ချိုင်ဇောက် အောက်စုကျေးရွာအနီးသို့ ရောက်ရှိနေပြီး အဆိုပါ စစ်ကြောင်းများနှင့်အတူ ပေါက်မြို့နယ်အတွင်းသို့ Y-12 လေယာဉ်၊ Paramotor (စက်တပ်လေထီး)ဖြင့် မကြာခဏ လာရောက်ပစ်ခတ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကြောင်းများကြောင့် ကျေးရွာ(၂၇) ရွာမှ အိမ်ထောင်စု (၄၀၀၀) ကျော် လူဦးရေ (၁၇၀၀၀) နီးပါး စစ်ဘေးတိမ်းရှောင်နေရပြီး ထိုစစ်ဘေးရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်နှင့် ဆေးဝါးအကူအညီများလိုအပ်ကြောင်း တောင်းဆိုထားသည်။

စစ်ဘေးရှောင် #ပေါက်မြို့နယ် #NUG

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ