
AB News – ဒီဇင်ဘာ ၂၅ ၊ ၂၀၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၂၃ ဦးသေဆုံးပြီး တိုက်ပွဲအတွင်း အလင်းဝင်ရန်ထွက်လာသည့် စစ်သား ၄ ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ နင်းမိုင်းများ ထိမှန်ပြီး စစ်သား ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိကာ တိုက်ပွဲများအတွင်း စစ်သား၂၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကြောင်း ဝင်ရောက်ခဲ့သော ကျေးရွာများရှိ ပြည်သူပိုင် နေအိမ်များပေါ်တွင် စစ်သားအလောင်းများကိုထည့်၍ မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က FPV ဒရုန်းများ အသုံးပြုတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ၈၁ မမ၊ ၁၂၀ မမ၊ ၆၀ မမ ဗုံးများဖြင့် နေ့စဉ် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု များစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
စစ်ဘေးရှောင်ပြည်သူများမှာလည်း စစ်ကော်မရှင်တပ်၏ ဒရုန်းအသုံး၍ ဗုံးကြဲတိုက်ခိုက်မှုများကြောင်း သေကြေပျက်စီးနေကြရသည်။