သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎ပလက်ဝတွင် ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းဆရာရုပ်အလောင်း ရှာတွေ့




‎AB News-ဇူလိုင် ၂၉၊ ၂၀၂၅
‎မျိုးဟိန်း


‎ပလက်ဝမြို့နယ်တွင် ရေနစ်ပျောက်ဆုံးနေသည့် ကျောင်းဆရာ၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင် ၂၉ ရက်နေ့ နံနက် ၈ နာ ရီအချိန် လေသစ်ကျေးရွာအနီးတွင် ရှာတွေ့​ခဲ့ကြောင်း ဒေသခံများမှ ပြော သည်။


‎ရေနစ်ပျောက်ဆုံးသွားသည့် ကျောင်းဆရာမှာ ပလက်ဝမြို့နယ်၊ ရွှီလိုက်ကျေးရွာမှ အသက် ၁၈ နှစ်အရွယ်  မောင်ကိုဇာဖြစ်ပြီး ပျောက်ဆုံးနေသည့်
‎၃ ရက်အကြာတွင် ရုပ်အလောင်းကိုပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။


‎မောင်ကိုဇာသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၇ နာရီခွဲအချိန် ရာရီတောင်ကျေးရွာမှ ရွှီလိုက်ဝကျေးရွာသို့ပြန်လာစဥ် ချင်းလက်ချောင်းကို ဖြတ်ကူးရာ ရေစီးသန်သ​ဖြင့် ရေစီးနှင့်
‎မျောပါပျောက်ဆုံးခဲ့သည်။


‎ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ် ခွဆုံရွာချောင်းကို ဖြတ်ကူးစဥ် ဒေသခံအမျိုးသား ၁ ဦး ရေနစ်သေဆုံးခဲ့သည်။


‎ထို့အပြင် ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း မြေပုံမြို့နယ်ရှိ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပုစွန်တာသို့ ပိုက်တောင်သွားစဥ် ရေနစ်သေဆုံးခဲ့သည်။


‎လက်ရှိ ရက္ခိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်၊ ချောင်း များတွင် ရေကြီးရေလျှံများမကြာခဏ ဖြစ်ပေါ်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်