
AB News – ဖေဖော်ဝါရီ ၇၊ ၂၀၂၆
ဂျူလိုင်
တောရိုင်းတိရိစ္ဆာန်များအား ဖမ်းဆီးခြင်းမပြုလုပ်ရန် တားမြစ်ချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် အာရက္ခပြည်အတွင်း မြို့နယ်များရှိ ပြည်သူအချို့သည် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနရှိ ခွင့်ပြုချက်မရှိပဲ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော တောတောင်များကို ဝင်ရောက်ပြီး အမဲလိုက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ရောင်းချခြင်းများကို ပြုလုပ်လျှက်ရှိကြသည်။
ထိုသို့ပြုလုပ်လျှက်ရှိခြင်းကြောင့် တောရိုင်းတိရိစ္ဆာန်များ မျိုးပြန်းလာခြင်းများ မဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် အဆိုပါ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော နေရာများသို့ဝင်ရောက်ပြီး တောရိုင်းတိရိစ္ဆာန်များအား အမဲလိုက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ကြရန် တားမြစ်လိုက်ခြင်းဖြစ်သည်။
အလားတူ တားမြစ်ချက်များကို လိုက်နာမှုမရှိဘဲ ကျူးလွန်ဖောက်ဖျက်ပါက ဥပဒေနှင့်အညီ ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။