သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တနင်္သာရီတွင် ညီအစ်ကို ၂ ဦး ခေါင်းဖြတ်အသတ်ခံရ

AB News – ဩဂုတ် ၄၊ ၂၀၂၅
ဒေဝီ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူရွာမှ ညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီတပ်သားများက ရက်စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း KNU-Mergui-Tavoy District က ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၃၆ နှစ်နှင့် ၃၃ နှစ်အရွယ် ညီအစ်ကိုနှစ်ဦးသည် ဇူလိုင်လ ၁၅ ရက်နေ့က ဆရာဝန် ပင့်ရန် ကြိမ်ချောင်းရွာဘက်သို့ သွားရောက်စဉ် စစ်ကောင်စီတပ်၏ စစ်ကြောင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် KNU တပ်ဖွဲ့ဝင်များက ၎င်းတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

KNU တပ်ဖွဲ့များ ရုပ်အလောင်းများကို တွေ့ရှိစဥ်တွင် အလောင်းများသည် ခေါင်းများမရှိတော့ဘဲ ခန္ဓာကိုယ်များသာ ကျန်ရှိပြီး ကြိုးများဖြင့် ချည်နှောင်ထားသည့် အခြေအနေဖြင့် သေဆုံးနေခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း မြိတ်-ထားဝယ်ခရိုင်၊ ထားဝယ်ခီးကျေးရွာအုပ်စုရှိ ကလိန်အောင်မြို့နယ်၊ ခလရ (၂၈၂) တပ်ရင်းဧရိယာ၊ ဓာတ်ငွေ့ပိုက်လိုင်းအနီးတွင် အမျိုးသားအလောင်းတစ်လောင်းကို ဒေသခံများက တွေ့ရှိခဲ့သေးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ