ABN-ရှိုင်းမိုး
ဇွန် ၁၀ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ညောင်ပင်ကြီးရဲစခန်းကို ယမန့်နက် ညနေ့ပိုင်းက PDFမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့် စစ်သားများသေဆုံးပြီး၊ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိသည်ဟုသိရသည်။
PDFမှ ထိုညောင်ပင်ကြီး ရဲစခန်းကိုဝင်ရောက်သိမ်းပိုက်သောကြောင့် စစ်ကောင်စီမှ ညောင်ပင်ရွာကို ညည့် ၃ နာရီကျော်မှစ၍ ယနေ့ နံနက်ပိုင်းအချိန်ထိ ရွာလုံးကျွတ်ကို ဝင်ရောက်မီးရှို့ခဲ့သည်ဟုသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့သည် ညောင်ပင်ကြီးရွာမှ နေအိမ် အားလုံးနီပါးကို မီးရှို့နေစဥ် တခြားအနီးနားမှရွာများကိုလည်း မီးရှို့ရန်အတွက် စစ်အင်အားထပ်တိုးလာခဲ့သည်။
ထိုစစ်အင်အားတိုးချဲ့လာသောကြောင့် ရွာပေါင်း ၇ ရွာမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသည်။
ယမန့်နေ နံနက်ပိုင်းအချိန်က စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်ရှိ ရေအေးကုန်းရွာကို စစ်တပ်မှ လက်နက်ကြီးပစ်ခတ်သောကြောင့် ဒေသခံ ၂၅၀၀ ကျော်ထွက်ပြေးနေခဲ့ရသည်။