AB News- သြဂုတ် ၁၈၊ ၂၀၂၅
ဒေဝီ
ရက္ခိုင်တွင် စားဝတ်နေရေး ခက်ခဲနေသော ပြည်သူများအတွက် ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ ၏ လူထုအကျိုးပြုရေးကော်မတီက စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သမဂ္ဂမှ ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထောက်ပံ့မှုကို ဩဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု ၃၀ အတွက် ရည်ရွယ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဩဂုတ်လ ၁၆ ရက်နေ့တွင်လည်း “သက္ကမ (ဒိုင်းနက်) အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကဏ္ဍများ” နှင့် “သက္ကမ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး ကဏ္ဍများ” ခေါင်းစဉ်များဖြင့် ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ ၏ လူမျိုးစုရေးရာနှင့် အမျိုးသမီးရေးရာကော်မတီတို့ ပူးပေါင်း၍ စကားဝိုင်းများ၊ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။