သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီ၏ စစ်မှုထမ်းတပ်ဖွဲ့ဝင် ၆ ဦး ဒီးမော့ဆို DMO Local PDF အဖွဲ့ထံ အလင်းဝင်

AB News – ဧပြီ ၂၆၊ ၂၀၂၅

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းတပ်ဖွဲ့ဝင် ၆ ဦးသည် ဧပြီလ ၁၆ ရက်နေ့တွင် လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင် ခိုလှုံလာခဲံခကြောင်း ပြည်သူကာကွယ်ရေးတပ် ဒီးမော့ဆို DMO Local PDF မှ ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အလင်းဝင်လာသူများတွင် MA 1 သေနတ် ၅ လက်၊ MA 1 ကျည် ၄၄၅ ထောင့်၊ ကျည်ဘောက် ၁၆ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၁၄ မိုင်း ၃ လုံး၊ ကျည်ကာ ၄ ထည်၊ အိုင်ကွန် ၁ လုံး နှင့် ဖုန်း ၇ လုံး ယူဆောင်လာခဲ့ ကြောင်း ဆိုသည်။

အလင်းဝင်ရောက်လာသူများကို ထောက်ပံ့ငွေ ၆၅ သိန်းကျပ် ထောက်ပံ့ခဲ့ပြီး ကျန်ရစ်ခဲ့သည့် မိသားစုများနှင့် ဆက်သွယ်နိုင်ရန် ကူညီထားပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

အလင်းဝင်လာခဲ့သည့် ပြည်သူ့စစ်မှုထမ်း တပ်ဖွဲ့ဝင်များ၏ ထွက်ဆိုချက်အရ စစ်‌ကောင်စီတပ်ထဲတွင် WY ကဲ့သို့ မူးယစ်ဆေးဝါးများကို စိတ်ကြိုက်သုံးစွဲခွင့်ပြုထားပြီး အနိုင်ကျင့်နှိပ်စက်မှုများလည်း မကြာခဏ ကြုံတွေ့ရကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ကောင်စီ တပ်သားအင်အားများမှာ လျော့နည်းလာပြီး ၎င်းထိန်းချုပ်ထားသည့် နယ်မြေများတွင်သာ အတင်းအဓမ္မ ပြည်သူစစ်ထမ်း ခေါ်ယူနေကြောင်း သိရသည်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF သည် NUG လက်အောက်ခံတော်လှန်ရေးတပ်တစ်ခုဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ