သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ နီးပါး သေဆုံး၊ PDF ရဲဘော် ၁၀ ဦး ထက်မနည်း ကျဆုံး

AB News – မတ် ၁၆၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ နီပါး သေဆုံးခဲ့ကာ PDF တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။

တန့်ဆည်မြို့နယ်မှ စစ်ကောင်စီအဖွဲ့နှင့် ပျူစောထီးများ၏ တပ်စခန်းများကို တော်လှန်ရေးတပ်ပေါင်းစု များက တိုက်ခိုက်ခဲ့ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ကျဆုံးခဲ့ရသည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီထောက်ခံသူများက တန့်ဆည်မြို့နယ်၊ ဆင်ငယ်ကျေးရွာတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ဦး၏ ရုပ်အလောင်းများနှင့်အတူ M 22 သေနတ် ၇ လက်၊ MA 1 သေနတ် ၁ လက်၊ ကျည်မျိုးစုံအတောင့်ရေ ၈၅၀၊ လက်ပစ်ဗုံး ၃ လုံး၊ မိုင်းမျိုးစုံ ၆ လုံး၊ ကျည်ကာ ၂ ထည်နှင့် ကျည်ကာဦးထုပ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်ဟု ရေးသားဖော်ပြနေကြောင်း သိရသည်။

ထိုတိုက်ပွဲကို မတ် ၁၀ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အယောက် ၃၀ နီးပါး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ကျဆုံးခဲ့သည်ဟု သိရှိရသည်။

စစ်ကောင်စီတပ်ဘက်ကလည်း ကျန်ရှိနေသည့် ပျူစောထီးစခန်းများ မကျဆုံးစေရေး မြေပြင်စစ်ကူများအပြင် လေကြောင်းပစ်ခတ်မှုများနှင့်ပါ ခုခံတိုက်ခိုက်နေသည့်အတွက် မတ် ၁၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ