
ABN-ဧပြီ ၁၁ ရက်
ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးရွာကို MI-35 ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူအစုလိုက် အပြုံလိုက် ရာချီ သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက်က ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးခန်း ဖွင့်ပွဲကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ ကူညီကယ်ဆယ်ရေးများ လုပ်နေကြရဆဲဖြစ်ပြီး သေဆုံးသေ ဒဏ်ရာရရှိသူများ၏ စာရင်းကို တိတိကျကျ မသိရသေးပေ။
ရွာသားများမှာ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခင်းဖြစ်ပွားရာ နေရာတွင်
အလောင်းများ ပြန့်ကြဲလျက်ရှိနေသည်ကို မှတ်တမ်းဗီဒီယိုဖိုင်မှ သိရသည်။


