သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငလျင်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ကျင်းပစစ်ဆေးမည်

AB News – ဧပြီ ၂၂ ၊ ၂၀၂၅

မတ်လ ၂၈ ရက်နေ့တွင် စတင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျှင်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသည့်အတွက် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ကျင်းပစစ်ဆေးသွားမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် နေပြည်တော်တို့တွင် စစ်ဆေးခဲ့သည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို မန္တလေးတက္ကသိုလ်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဥ် မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် အဖြေလွှာများမီးလောင်ပျက်စီးသွားခဲ့ရကြောင်း မတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီပိုင် သတင်းမီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ စာမေးပွဲကို ၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့မှစ၍ မေလ ၂၁ ရက်နေ့ထိ ၆ ရက်အတွင်း ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စာမေးပွဲကို ၂၀၂၅ ခုနှစ် မတ်လအတွင်းက စစ်ဆေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်အားလုံးဖြေဆိုခဲ့သူများကိုသာ ပြန်လည်ဖြေဆိုခွင့်ပေးမည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ၊ ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ကြေညာသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အထက(မင်းကင်း)၊ အထက (ပန်ဆက်)၊ အထက (၁) တမှူး ၊ အထက (၂)ရွှေဘို ၊ အထက (၁) ရေဦး ၊ အထက (ဗန်းမောက်) ၊ အထက (ဝန်းသို) ၊ အထက (မော်လိုက်) ၊ အထက (ကင်းတပ်)နှင့် အထက (အရာတော်) စာစစ်ဌာနတို့တွင် ဖြေဆိုခဲ့သူများ ပြန်လည် ဖြေဆိုစရာမလိုကြောင်း ဆိုသည်။

ပြန်လည် ဖြေဆိုရမည့် တက္ကသိုဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားကို ဖြေဆိုရမည့် စာစစ်ဌာနများတွင် သက်ဆိုင်ရာ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများမှ မေလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ တိုက်ရိုက်ထုတ်ယူနိုင်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ