သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့အပြင် AA ထိုးစစ်ဆင်တိုက်ခိုက်ရန် (၃) မြို့သာကျန်ရှိ

AB News – ဒီဇင်ဘာ ၂၁ ၊ ၂၀၂၄

ရက္ခိုင်ပြည်တစ်ခုလုံးကို အာရက္ခတပ်တော် AA ကအပြီးသတ်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် ဂွမြို့အပြင် (၃) မြို့သာကျန်ရှိတေ့ာပြီဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ AA ထုတ်ပြန်စာတွင် ” အမ်းမြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော် AA ကအပြီးသတ်သိမ်းပိုက်ထားပြီဖြစ်၍ ယခုဆိုလျှင် အမ်းမြို့အပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ (၁၄)မြို့ထိထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်း” ပါရှိသည်။

ယခုဆိုလျှင် ဂွမြို့အား အာရက္ခတပ်တော်AA မှ ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်နေသည်မှာ ဂွမြို့၏ သုံးပုံတစ်ပုံကို လက်ရထိန်းချုပ်ထားပြီဖြစ်သည်။ အာရက္ခတပ်တော် AA မှလည်း ဂွမြို့အားအပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။

အာရက္ခတပ်တော် AA ကဂွမြို့အားအပြီးသတ်သိမ်းပိုက်ပြီးလျှင် နောက်ထပ်သိမ်းပိုက်ရန် စစ်တွေ ၊ ကျောက်ဖြူ နှင့် မာန်အောင် (၃) မြို့သာကျန်ရှိတေ့ာပြီဖြစ်သည်။

စစ်တွေ၊ ကျောက်ဖြူ နှင့် မာန်အောင်မြို့တို့တွင်လည်း အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ နှစ်ဖက်စစ်ရေးပြင်ဆင်မှုများရှိကြောင်းသိရသည်။

အဆိုပါ( ၃ )နေရာသည် စစ်ကောင်စီ၏နောက်ဆုံးခံစစ်များသာဖြစ်ပြီး အာရက္ခတပ်တော်က ဆက်လက်သိမ်းပိုက်ရန် နောက်​ဆုုးမြို့​များသာဖြစ်သည်။

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီးအောင်စစ်နိုင် ၊ တိုင်းဦးစီချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ရုံးအုပ်ချုပ်ရေး အရာခံဗိုလ် အေးသိန်းနှင့် မောင်တောမြို့သိမ်းတိုက်ပွဲတွင် တပ်မမှူးသူရိန်ထွန်းတို့အား အာရက္ခတပ်တော် AA မှလက်ရဖမ်းဆီးရရှိထားပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ