သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွတွင် နေအိမ်များမီးလောင်မှုဖြစ်ပွား

AB News – ဒီဇင်ဘာ ၁၆၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက နေအိမ် ၂ ဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ် ၂ ဆောင်မှာ ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ့ခန့်က ဂွမြို့နယ်၊ ရဟိုင်ကူးတို့ရွာ၊ ချမ်းသာကြီးရပ်ကွက်မှ ဦးအောင်အောင်၏ နေအိမ်နှင့် ဦးငြိမ်းချမ်းဝင်းတို့၏ နေအိမ်များမှာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုမှာ ဦးအောင်အောင်၏ နေအိမ် ခေါင်မိုးမှစ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်း ဦးငြိမ်းချမ်းဝင်းနေအိမ်သို့ မီးကူးစက်လောင်ကျွမ်းသွားရခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် နေအိမ်နှင့် ပစ္စည်းများဆုံးရှုံးသွားခဲ့ရပြီး လူအထိအခိုက်မရှိကြောင်း ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

”မနေ့က ၁၁ နာရီခွဲလောက်မှာ မီးစလောင်တာ။ ဦးအောင်အောင်တို့အိမ်ကနေ မီးလောင်တာပါ။ အနီးအနားက အိမ်ကိုမီးကူးသွားတာ။ နေအိမ် ၂ ဆောင်နဲ့ပစ္စည်းတွေ ဆုံးရှုံးသွားကြတာတွေရှိတယ်။ လူအထိအခိုက်တေ့ာမရှိဘူး” ဟု ဆိုသည်။

မီးလောင်မှုကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံများ ပူးပေါင်းပြီး မီးသတ်ခဲ့သည့်အတွက် နေ့လည် ၁ နာရီခန့်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ