AB News ဇန်နဝါရီ ၂၊ ၂၀၂၆
LOKI
ချင်းပြည်နယ်တောင်းပိုင်းဒေသရှိ CDF အဖွဲ့ ၃ဖွဲ့နှင့် ချင်းညီနောင်တွင် မပါဝင်ရသေးသော ပလက်ဝမြို့နယ်အခြေစိုက် DRC/CDF – Daai တို့ပူးပေါင်းပြီး Chin People’s Union/ Chin People Army (CPU/CPA) အဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။
ချင်းညီနောင်နောင်အဖွဲ့ဝင်တပ်များဖြစ်သည့် ချင်းပြည်နယ်တောင်ပိုင်း CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီ တပ်များနှင့် ချင်းညီနောင် အဖွဲ့ဝင်အသစ် CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီ တပ်များနှင့် ချင်းညီနောင် တွင်မပါဝင်သေးတဲ့ Daai Regional Council/CDF – Daai တပ်တို့နှင့် ပူပေါင်းဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
အဆိုပါတပ်ဖွဲ့ ဖွဲ့စည်းမှုကြောင်းချင်းညီနောင်မှာ တပ်ဖွဲ့ ၆ဖွဲ့ပေါင်းစည်းထားခြင်းမှ CPU/CPA၊ ဖလမ်း CNO/CNDF၊ တီးတိန် ZFU/PDF-Zoland နှင့် မရာ MTC/MDF အဖြစ် လေးခုဖြစ်လာကြောင်း သိရှိရသည်။
“ကျနော်တို့ ချင်းညီနောင်ကို စတင်ဖွဲ့စည်းခဲ့စဉ်က အဖွဲ့ ၃ ဖွဲ့နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တနှစ်ပြည့်လာတဲ့အခါမှာတော့ အဖွဲ့ဝင် ၆ ဖွဲ့ရှိလာတယ်။ ဒီနေ့မှာတော့ အဖွဲ့ဝင် ၄ ဖွဲ့ ပြန်ဖြစ်သွားပါတယ်။ ပထဝီအရ တောင်ပိုင်းမှာ ရှိတဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် ၃ ဖွဲ့ဟာ တဖွဲ့တည်းအဖြစ် စုစည်းတဲ့အပြင် ချင်းညီနောင်မှာမပါသေးတဲ့ Daai Regional Council လည်း ပါဝင်လာပါတယ်။” လို့ ချင်းညီနောင်သဘာပတိ ဆလိုင်းပီတာထန်းက ချင်းညီနောင် ၂နှစ်ပြည့် အထိမ်းအမှတ် နေ့တွင် ပြောကြားခဲ့ကြောင်း The Mindat Post တွင်တွေ့ရသည်။
အဆိုပါ CPU/ CPA တွင်ပါဝင်နေ့သည့် ပလက်ဝမြို့နယ်အခြေစိုက် DRC/CDF – Daaiအဖွဲ့ကို ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ချင်းညီနောင်CB ၂နှစ်ပြည့် အထိမ်းအမှတ်နေ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ကြေညာခဲ့ကြောင်း ကိုလည်း သိရှိရသည်။



