သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျိုင်းတုံတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၍ ၇ဦး သေ၊ ၂၀ ကျော် ဒဏ်ရာရ

AB News-မတ် ၂ ၊၂၀၂၅

မတ်လ ၁ရက်နေ့  ညပိုင်းက ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ်ရှိ စပါယ်ရှယ်တောင် အဆင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့သောကြောင့် ခရီးသည် ၇ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

စပါယ်ရှယ်တောင်အဆင်း၊ လက်ပံကွေ့ (၁) ၊ မိုင်တိုင် ၃၆၆ အကျော်တွင် တာချီလိတ်မှ မန္တလေးသို့ ပြေးဆွဲနေသည့် Gl Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်တိမ်းမှောက်သည့် အရှိန်ကြောင့် Gl Express တွင်လိုက်ပါလာသည့် ခရီးသည်များအထဲမှ အမျိုးသမီး ၂ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုကားပေါ်၌ လိုက်ပါလာသည့် ခရီးသည် ၃၀ကျော် ရှိပြီး ဒဏ်ရာရသူများအား ကျိုင်းတုံဆေးရုံ၏ အရေးပေါ်ကြပ်မတ်အဆောင်သို့ ပို့ဆောင်ပေးထားသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ