ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများ လွှတ်ပေးရေးတောင်းဆိုချက်များပါသည့် ဆုံးဖြတ်ချက်မူကြမ်းကို ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မဲခွဲ အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။
ထိုအစည်းအဝေးတွင် မြန်မာအရေးအဆိုအား ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ကြပြီး၊ တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံများက ကြားနေ နိုင်ငံများအဖြစ် ရပ်တည်ခဲ့ကြသည်ကိုတွေ့ရသည်။
ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲခဲ့သည့် မြန်မာအပေါ် ဆုံးဖြတ်ချက်တွင် နိုင်ငံအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် တင်းမာမှုများ လျော့ချရေးမျာပါဝင်ကြောင်း သိရသည်။