
ABN-ရှိုင်းမိုး
ကရင်နီ (ကယား) ပြည်နယ် ဒီမော့ဆို အရှေ့ဘက်ကမ်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ရေအခက်အခဲရှိမှုကြောင့် အရေပြားရောဂါခံစားနေရကြရသည်ဟု ဒေသတွင်း မီဒီယာများမှ တဆင့်သိရသည်။
ဒီမော့ဆိုမြို့နယ် ဒေါတမကြီးအုပ်စု ထဲတွင် ရှိနေသည့် စစ်ဘေးရှောင်များသည် တောထဲတွင်နေရပြီး ရေမချိုးရ သည့်အတွက်ကြောင့် အရေပြားရောဂါ ၊ ယားနာရောဂါများ ခံစားနေရကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ သိရသည်။
ထိုရောဂါသည် ကလေးများအပြင် လူကြီးများထဲတွင်လည်း ယားနာဖြစ်ပွားနေကြကြောင်း သိရသည်။
ဒီမော့ဆို အရှေ့ဘက်ခြမ်းတွင် မတ်လ မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူများ တောထဲကို ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် ရေအခက်ခဲမှု များရှိနေသည်။
လက်ရှိရခိုင်ပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းအများစုတွင်လည်း ရေရှားပါးမှုနှင့် မသန့်ရှင်းသည့်ရေများကို သုံးစွဲနေရသောကြောင့် ကလေးငယ်များအရေပြားရောဂါခံစားနေကြရသည်။
ဓာတ်ပုံ-သျှမ်းသံတော်ဆင့်




