AB News-ဒီဇင်ဘာ ၂၆၊ ၂၀၂၄
အာရက္ခတပ်တော် ULA/AA အုပ်ချုပ်ထားသည့် ပလက်ဝမြို့အပါအဝင် ရက္ခိုင်က မြို့နယ်အချို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်တွင် ကျရောက်သော ခရစ္စမတ်ပွဲတော်များ ကျင်းပခဲ့ကြကြောင်း သိရသည်။
ခရစ္စမတ်ပွဲတော်ကို ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်မြို့နယ်များတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညက စည်ကားစွာ ကျင်းပခဲ့ကြကြောင်း ခရစ်ယာန်ဘာသာဝင် တစ်ဦးက ပြောသည်။
“တပ်တော် အုပ်ချုပ်ထားတဲ့ မြို့နယ်တွေမှာ ကျနော်တို့ ခရစ္စမတ်ပွဲတော် ကျင်းပနိုင်ခဲ့ကြပါတယ်။ ပလက်ဝမှာလည်း ပွဲတော်လုပ်တယ်။ ရက္ခိုင်ပြည်နယ်ထဲမှာလည်း လုပ်ကြတယ်” ဟု ပြောသည်။
ဒေသနေပြည်သူများ၏ လုံခြုံရေးလိုအပ်ချက်အရ ခရစ္စမတ်ပွဲတော်ကျင်းပခဲ့သည့် နေရာအတိအကျကို Arakan Bay News က မဖော်ပြခြင်းဖြစ်သည်။
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့တွင် ခရစ္စမတ်ပွဲတော်အပါအဝင် တနင်္ဂနွေနေ့များတွင် ဘုရားကျောင်းတက်ခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ်တားမြစ်ထားကြောင်း သိရသည်။
Arakan Bay News ၏ သတင်းများကို အောက်ပါ Link များတွင်လည်း ဖတ်ရှုနိုင်ပါသည်။
Website: www.arakanbaynews.com
Telegram:https://t.me/arakanbaynews
You Tube: https://www.youtube.com/@arakanbaynews5614
Twitter: https://x.com/ArakanBaynews