ABN-သူရမောင်
ကရင်ပြည်နယ်၊ KNU နယ်မြေတွင် ရွှေတွင်း လုပ်ကွက်များကို စစ်ကောင်စီမှ တိုက်လေယာဥ်များဖြင့် ဗုံးကြဲချခဲ့သည့်တွက်ကြောင့် ဒေသခံ ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အလုပ်သမား ၅၀ ဝန်းကျင်လောက် သေဆုံးနိုင်ခြေရှိသည် ဟု သိရသည်။
KNU တပ်မဟာ နယ်မြေအတွင်း ဇန်နဝါရီ ၇ ရက် နေ့ ၁၀ နာရီ ခန့်မှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် ဝင်ရောက်ပစ်ခတ်ပြီး ဗုံးကြဲခဲ့မူကြောင့် ပြည်သူ့ဆေးရုံးအပါအဝင် အဆောက်အဦး ၇ လုံး ပျက်စီးခဲ့ပြီး နံနက် ၁၀ နာရီခွဲချိန်တွင် စစ်ကောင်စီတပ်မှ ဒွဲ့လိုးမြို့နယ်၊ မဲ့သူအုပ်စု အပြင် ယာယီထော့ရွာအတွင်းသို့ လေယာဥ်ဖြင့် ဗုံး ၄ လုံချခဲ့သည့်အတွက်ကြောင့် စုစုပေါင်း ရွာသား ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
လက်ရှိမှာ စစ်တပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကျဲချခဲ့သည့် နေရာများတွင် အထိအခိုက်နှင့် သေဆုံးမှု၏ အချက်လက်များကို အတိအကျ မသိရှိနိုင်သည့်တွက်ကြောင့် ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ရွှေတွင်းလုပ်သား ၄၅ ဦး နှင့် ၅၀ ခန့်လောက် သေဆုံးနိုင်ဖွယ်ရှိနိုင်သည် ဟု သိရသည်။
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/1-4.jpg?resize=650%2C366&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/2-4.jpg?resize=650%2C367&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/3-3.jpg?resize=650%2C366&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/4-2.jpg?resize=650%2C488&ssl=1)
![KNU နယ်မြေတွင် ရွှေတွင်းလုပ်ကွက်များကို စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခတ်မှုကြောင့် ဒေသခံ ၆ ဦးထက်မနည်း သေဆုံးပြီး ရွှေတွင်း လုပ်သား ၅၀ ခန့်လောက် သေဆုံးနိုင်ခြေရှိနေ](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/5-1.jpg?resize=650%2C367&ssl=1)