သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ရှိ စစ်ဘေးရှောင်များအား လူမျိုး၊ ဘာသာမရွေး စောမဲကျီဖောင်ဒေးရှင်းက ကူညီထောက်ပံ့လျှက်ရှိ

AB News-စက်တင်ဘာ ၂၊ ၂၀၂၄

ရက္ခိုင်တွင် စစ်ဘေးရှောင် ဦးရေ ၆ သိန်းခန့်ရှိနေပြီး ၎င်းတို့မှာ စားဝတ်နေရေးနှင့် ဆေးဝါး ကူညီထောက်ပံ့မှု လိုအပ်လျက်ရှိနေသည်။

ပြည်ပရောက် ရက္ခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် စောမဲကျီဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီလိုအပ်နေသည့် ရက္ခိုင်ရှိ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့လျှက်ရှိကြောင်း သိရသည်။

စောမဲကျီဖောင်ဒေးရှင်းအဖွဲ့ဝင်များမှာ ရက္ခိုင်လူငယ်များဖြစ်သော်လည်း ရက္ခိုင်ပြည်ရှိ စစ်ဘေးရှောင်များအာ ကူညီထောက်ပံ့ရာတွင် လူမျိုး၊ ဘာသာမရွေး ကူညီထောက်ပံ့ပေးလျှက် ရှိကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူ ၁ ဦးက AB News သို့ပြောသည်။

“ကျနော်တို့က ပြည်ပရောက် ရက္ခိုင်လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ ကျနော်တို့ ရက္ခိုင်မှာရှိတဲ့ စစ်ဘေးရှောင်တွေ အတွက် ဆန်နှင့် တခြားလိုအပ်တဲ့ ပစ္စည်းတွေ ကူညီထောက်ပံ့နေတာရှိပါတယ်။ ကူညီတဲ့ခါ ဘယ်ဘာသာ၊ ဘယ်လူမျိုးဆိုပြီးတော့ ခွဲခြား ထောက်ပံ့တာတွေမရှိပါဘူး။ ဘူးသီးတောင်၊ မောင်တောမှာ ရှိတဲ့ အစ္စလမ်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာဝင်တွေကိုလည်း ကူညီတာတွေ တောက်လျောက်လုပ်ပါတယ်။” ဟု AB News သို့ပြောသည်။

ထိုသို့ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့ရာတွင် အာရက္ခပြည်သူ့အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာရုံး (HDCO) မှတဆင့် ကူညီထောက်ပံ့ကြောင်းလည်း ဆက်ရှိပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ