သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
MNDAA၏ ၃၆ နှစ်မြောက်အခမ်းအနား သို့ PSLF/TNLA နှင့် ULA/AA မှ သဝဏ်လွှာပေးပို့

AB News-မတ် ၁၁၊ ၂၀၂၅

ကိုးကန့်အမျိုးသားခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင် ဦးဆောင်တည်ထောင်ခဲ့သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် MNDAA ၏ ၃၆ နှစ်မြောက်အခမ်းအနားသို့ ညီနှောင်မဟာမိတ် ၂ ဖွဲ့ဖြစ်သည့် PSLF/TNLA နှင့် ULA/AA တို့မှ ဂုဏ်ပြုသဝဏ်ပေးပို့ကြောင်း သိရသည်။

MNDAA/MNTJP ကို ၁၉၈၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်သည် MNDAA/MNTJP ၏ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ဖြစ်သည်။

ကိုးကန့်တပ်မတော်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အထူးဒေသ ၁ ဖြစ်ခဲ့ပြီး တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးသည့်ဒေသအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်နိုင်ခဲ့သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် MNDAA သည် ကိုးကန့်ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲပြီး ၎င်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရနေကြောင်း ပြောဆိုထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA/MNTJP၊ PSLF/TNLA နှင့် ULA/AA တို့သည် မဟာမိတ်သက်တမ်း ၁၅ နှစ်တာကာလအတွင်း တစ်ဖွဲ့ချင်းစီ၏ ရည်မှန်းချက်၊ ဘုံရည်မှန်းချက်များကို အတူတကွ ချီတက်ဖြတ်သန်းခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် ကိုးကန့်တော်လှန်ရေးကာလတစ်လျှောက်အတွင်း အသက်၊ ဘဝ၊ ခန္ဓာများစွာတို့ကို ပေးဆပ်စွန့်လွှတ်အနစ်နာခံခဲ့ကြသူများကို လေးနက်စွာ ဂုဏ်ပြုကြောင်း ရေးသားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ