ဆောင်းပါး
ABN-သူရမောင်
ဇန်နဝါရီ ၅ ရက်
၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံအတွက် မှန်းဆလို့မရသည့် နှစ်တစ်နှစ်ဖြစ်နေသည်။ လာမည့် ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရပြီး ထိုရွေးကောက်ပွဲကို တစ်ဖက်သတ်ရွေးကောက်ပွဲဟုလည်း သိကြသည်။ ရလာမည့် ရလာဒ်မှာ နိုင်ငံတကာ အဖွဲ့အစည်းများအတွက် ခေါင်းခြောက်စရာ ကိစ္စတစ်ခုဖြစ်လာမည်မှာလည်း အသေအချာပင် ဖြစ်နေသည်။ အထူးသဖြင့် နိုင်ငံများပါဝင်ဖွဲ့စည်းထားသည့် ကုလသမဂ္ဂကဲ့သို့ အဖွဲ့အစည်းကြီးများမှာ ပို၍ပင် ခေါင်းခြောက်စရာဖြစ်လာမည် ဖြစ်သည်။
အကယ်၍ မတရားအာဏာသိမ်းထားသည့် စစ်ကောင်စီက ပြုလုပ်သည့် ရွေးကောက်ပွဲသာ အနိုင်ရခဲ့မည်ဆိုပါက နိုင်ငံအများအပြား (အထူးသဖြင့် အနောက်နိုင်ငံများ)သည် စစ်ကောင်စီ SAC နှင့် သူ့မဟာမိတ်များကို မလိုမုန်းတီးမှုဖြစ်လာကြမည် ဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲသာ အောင်မြင်သွားပါက ၂၀၂၃ ခုနှစ်သည် ထိုင်းနှင့်မြန်မာနိုင်ငံအကြား နှစ်ဦးနှစ်ဖက် ဆက်ဆံရေးမှာ အလွန်ရှုပ်ထွေးသည့် နှစ်တစ်နှစ်ဖြစ်လာလိမ့်မည်။
ကိုယ့်နည်းကိုယ့်ဟန် ပုံစံအမျိုးမျိုးဖြင့် ဝေဖန်နေကြသည့် မြန်မာနိုင်ငံက ဝေဖန်ရေးသမားများနှင့်မတူသည်က ထိုင်းနိုင်ငံသည် လွန်ခဲ့သည့်နှစ်နှစ်ကတည်းကပင် အိမ်နီးနားနိုင်ငံချင်း နားလည်မှုဆိုသည့် အခန်းကဏ္ဍကို လုပ်ဆောင်လာခဲ့ခြင်းပင်ဖြစ်သည်။
နှစ်နိုင်ငံတို့မှာ ၂၄၀၀၀ ကီလိုမီတာရှိသည့် နယ်စပ်ဒေသကို ပိုင်ဆိုင်ထားသည်ဟု ဆိုသော်လည်း ထိုင်းနိုင်ငံသည် နေပြည်တော်မှ အာဏာသိမ်းစစ်ကောင်စီကို ရာဇသံပေးကာ ဖိအားပေးဖို့ အခွင့်မရှိသကဲ့သို့ စစ်အစိုးရဆန့်ကျင်သည့် အဖွဲ့များကိုလည်း ထောက်ပံ့အကူအညီပေးရန် ကြိုးပမ်း၍မရပေ။
သို့သော်လည်း ထိုင်းနှင့် မြန်မာသည် အစိုးရမပါရှိသည့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ရှိနေသည်။ ထိုင်းအစိုးရများနှင့် ထိုင်းစစ်တပ်တို့သည် လွန်ခဲ့သည့် ဆယ်စုနှစ် ၇ခုကတညျးကပငျ လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ တော်လှန်လာခဲ့သည့် လူမျိုးစုလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်ခဲ့မှုများ ရှိခဲ့သည်။ နှစ်နိုင်ငံကြားတွင်ရှိသည့် နယ်စပ်ဒေသသည် သန်းပေါင်းများစွာသော နိုင်ငံရေးလှုပ်ရှားသူများနှင့် တော်လှန်သူ လူမျိုးစုများနှင့် နယ်ပြောင်းလာသည့် အရပ်သား ပြည်သူများအတွက် ခိုလှုံရာ နယ်မြေတစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ နေပြည်တော်ကသာ သူ့နိုင်ငံသားများကို နှိမ်နှင်းထုတ်ပယ်လိုက်မည်ဆိုပါက ထိုင်းနိုင်ငံသည် သဘောမကျသော်လည်း မြန်မာနိုင်ငံသားများကို ကူညီရမည့် ဝတ္တရားတစ်ခုရှိနေသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ကောင်စီက အာဏာသိမ်းပြီးသည့်အချိန်မှ စကာ စစ်ကောင်စီသည် ၁၅၄၀၀သော ပြည်သူများကို ဖမ်းဆီးခဲ့ပြီး ၂၂၇၃ဦးကို သတ်ဖြတ်ခဲ့သည်။
အာဏာသိမ်းပြီးအချိန်ကပင် ထိုင်းနိုင်ငံမှ နိုင်ငံခြားရေးရာ ဝန်ကြီးနှင့် လက်ထောက် ဝန်ကြီးချုပ် Don Pramudwinaiနှင့် အထူးသံတမန်အဖွဲ့သည် နေပြည်တော်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကြသည်။ ပြီးခဲ့သည့်လက open ended consultative meetingကို ကျင်းပခဲ့သည်။ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်များအပြင် လာအိုနှင့် ကမ္ဘောဒီးယားတို့ တက်ရောက်ခဲ့ကြပြီး ရလာဒ်ကိုမူ ဖေဖော်ဝါရီလတွင် ထုတ်ပြန်မည်ဖြစ်သည်။
အိမ်နီးနားချင်းနားလည်မှု ဆက်ဆံရေး နှစ်နှစ်တာအချိန်ပြီးပြီးနောက် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုမှာ အောင်မြင်မှုများ ရရှိခဲ့ခြင်းမရှိခဲ့ပေ။ ထို့အတူ အစိုးရအနေဖြင့် နည်းစနစ်ကျသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ချည်းကပ်မှုကို ထိုအကျပ်အတည်းများသို့ ဦးတည်လုပ်ဆောင်ရမည့် အချိန်လည်း ကျရောက်လာပြီဖြစ်သည်။
ထိုင်းအစိုးရအနေဖြင့် နိုင်ငံနယ်စပ်က ဒုက္ခသည်များအား ကူညီထောက်ပံ့မှုများကို လုပ်ဆောင်လျက်ရှိနေသည်။ ထို့အပြင် နိုင်ငံခြား NGOsများနှင် နိုင်ငံတွင်းမှ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခုနှစ်တွင် ကျန်းမားရေးစောင့်ရှောက်မှုများကိုပါ ထပ်တိုးလုပ်ဆောင်သွားမည် ဖြစ်သည်။
အစိုးရအနေဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေရပ်မပြန်ရေးပေါ်လစီတစ်ရပ်ကိုလည်း တရားဝင် ထုတ်ပြန်ကြေညာရမည် ဖြစ်ပြီး တခြားအာဆီယံ နိုင်ငံများအားလည်း ဤပေါ်လစီကို အထောက်အကူပေးရန် တိုက်တွန်းရမည်ဖြစ်သည်။ မြန်မာ အာဏာသိမ်းအဖွဲ့သည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို ကွပ်မျက်နေခြင်းကြောင့် တက်ကြွသူများအား ပြန်ပို့ခြင်းသည် ကြီးမားသည့် လူအခွင့်အရေးကျူးလွန်မှုသို့ တွန်းအားပေးရာ ရောက်ပေလိမ့်မည်။
အကျပ်အတည်းကို အဆုံးသတ်ရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးမှုနှင့် တိုင်းပျက်ပြည်ပျက်အချိန်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းကဲ့သို့ အကျပ်အတည်းများကို ပြန်လည်ဖြေရှင်းမည့် အစည်းအဝေများကို ကမ္ဘာသိအောင် လုပ်ဆောင်ရလိမ့်မည်။ ယင်းသို့လုပ်ဆောင်ခြင်းသည်ပင်လျှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို ပြန်လည်လွှတ်ပေးအောင်လုပ်ဆောင်မည့် အကူအညီကို ပေးနိုင်မည်ဖြစ်သည်။
အထက်ဖော်ပြချက်များကို ခြုံပြောရလျှင် ထိုင်းနိုင်ငံသည် အကောင်းဆုံးလုပ်ဆောင်နေကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာအောင်အတွက် အလုပ်လုပ်နေခြင်းမဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် တရားဝင် လက်မှတ်ထိုးကာ ရင်းနှီးမြှုပ်နှံမှုများလုပ်နေသည့် PTT Groupကဲ့သို့ ထိုင်းကုမ္ပဏီများ၏ အကျိုးအမြတ်ကို ကာကွယ်ခြင်းဖြစ်သည်ကို ကမ္ဘာကြီးနှင့် ကမ္ဘာသူ၊ ကမ္ဘာသားများအား ချပြရန်လိုအပ်သည်။
(Bangkok Post သတင်းဌာနမှ Change tack on Myanmar သတင်းကို ABNမှ သူရမောင် ဘာသာပြန်သည်။)