သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကိုဗစ်ကာကွယ်ဆေး (mRNA) ကို ချက်ချင်းရပ်တန့်ပေးဖို့ MIT တက္ကသိုလ် ပါမောက္ခတစ်ဦးတောင်းဆို

ကိုဗစ်ကာကွယ်ဆေး (mRNA) ကို ချက်ချင်းရပ်တန့်ပေးဖို့ MIT တက္ကသိုလ် ပါမောက္ခတစ်ဦးတောင်းဆို

(ဆေးဖက်ဆိုင်ရာဆောင်းပါး)

ABN-ကျော်ဇံ

ကိုဗစ်ကာကွယ်ဆေးတစ်မျိုးဖြစ်သည့် mRNA အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ပေးရန် တိုက်တွန်း တောင်းဆိုကြသည့် ကျန်းမာရေးပညာရှင်များ အရေအတွက်မှာလည်း များပြားလာခဲ့ပြီး ထိုကာကွယ်ဆေးကို အသုံးမပြုရန် တောင်းဆိုမှုများမှာ ပိုမိုပြင်းထန်လာခဲ့သည်။

မကြာသေးမီက MIT တက္ကသိုလ် ပါမောက္ခ Retsef Levi သည် လူငယ်များကို ဒုက္ခပေးနေသည့် mRNA ကာကွယ်ဆေးများ၏ အန္တရာယ်ကို ဝေမျှအသိပေးရန် Twitter ကို အသုံးပြုခဲ့သည်။

“mRNA ကာကွယ်ဆေးတွေဟာ အသက်ဆုံးရှုံးစေတဲ့ ဖြစ်ရပ်များအပါအဝင် အထူးသဖြင့် လူငယ်တွေကို ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်စေတဲ့ သက်သေ သာဓကတွေ ဟာ မငြင်းနိုင်လောက်အောင် အများအပြားရှိနေပါပြီ။ ကျွန်တော်တို့ လူငယ်တွေကို အဲဒီဆေးတွေထိုးပေးနေတာကို ချက်ချင်း ရပ်တန့်ဖို့ လိုပါတယ်” ဟု အချက်အလက် Data များအပေါ်အခြေခံကာ ဆန်းစစ်အဖြေရှာခြင်း၊ လုံခြုံမှုနှင်ဆိုင်သည့် စီမံခန့်ခွဲခြင်း၊ ကျန်းမာရေးစနစ်များ၊ အစားအသောက်နှင့် စိုက်ပျိုးရေးစနစ်များ၊ ထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲ့ခြင်းတို့တွင် ကျွမ်းကျင်သည့် ပါမောက္ခ Levi က Twitter တွင် ရေးသားခဲ့သည်။

mRNA ကာကွယ်ဆေးအသုံးပြုခြင်းကို တားမြစ်သတိပေးထားသည့် ပါမောက္ခ Levi ၏ ဗီဒီယိုကို ကြည့်ရှုသူ ၁ သန်းကျော်အထိရှိပြီဖြစ်သည်။

“ကိုဗစ်ကာကွယ်ဆေး mRNA ပရိုဂရမ်တွေအားလုံးကို ချက်ချင်းရပ်သင့်ပါတယ်။ ဒီလိုအချိန်မှာ ကိုဗစ်ကာကွယ်ဆေးဖြစ်တဲ့ mRNA ကာကွယ်ဆေးပရိုဂရမ်တွေအားလုံးကို အချိန်မီ ချက်ချင်းရပ်တန့်သင့်တယ် ဆိုတဲ့ ကျွန်တော့်ရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို ဝေမျှဖို့ ဒီ ဗီဒီယိုကို ရိုက်ကူးရတာဖြစ်တယ်” ဟု ပါမောက္ခ Levi မှ ဆိုသည်။

“သူတို့ အဲဒီဆေးတွေအသုံးပြုတာကို ရပ်တန့်သင့်ပါပြီ ဘာလို့လည်းဆိုတော့ အဲဒီဆေးတွေဟာ ထိထိရောက်ရောက်ဖြစ်ရမယ့်အစား ကြော်ငြာထဲပါတဲ့ ကတိကဝတ်တွေကိုတောင် မဖြည့်ပေးနိုင်ပါဘူး။ ပိုပြီးအရေးကြီးတာက လူငယ်နဲ့ကလေးတွေ သေဆုံးမှုအပါအဝင် မကြုံစဖူး ပြဿနာတွေကို ဖြစ်စေတဲ့ သက်သေအထောက်အထားတွေ တောင်ပုံယာပုံရှိနေတဲ့ အတွက် ရပ်သင့်တာပါ” ဟု သူက ဆက်ပြောသည်။

“တကယ်တမ်းကျရင် mRNA ကာကွယ်ဆေးတွေက ရုတ်တရက် နှလုံးရပ်ခြင်းကို ဖြစ်စေပါတယ်။ ပိုမိုများလာတဲ့ သက်သေတွေဟာ မငြင်းနိုင်လောက်အောင် အရမ်းကို ပြည့်စုံနေတာပါ။ ကာကွယ်ဆေးကြောင့် ဖြစ်တဲ့ နှလုံးရောင်ခြင်း ရဲ့ နောက်ဆက်တွဲအဖြစ် ရုတ်တရက်နှလုံးကို ရပ်တန့်စေတဲ့ ကျွန်တော်တိုရဲ့ ပူပန်မှုကိုလည်း သေချာသွားစေတယ်လို့ ထင်ပါတယ်။ ပြီးရင် ဘာကြောင့် ဒီလိုဒုက္ခရောက်စေတာလဲ ဆိုတဲ့အချက်ကလည်း ဖြစ်နိုင်ဖို့ အလားအလာရှိတဲ့ တစ်ခုတည်းသောအကြောင်းပြချက်ပါပဲ” ဟု သူက ဆိုသည်။

“mRNA ကာကွယ်ဆေးတွေဟာ နှလုံးကြွက်သားရောင်ရမ်းခြင်း ကို ဖြစ်စေတယ် ဆိုတာကို သိလာကြတဲ့အချိန်မှာ ၂၀၂၁ အလယ်ပိုင်းလောက်မှာ ကာကွယ်ဆေးဟာ ဘေးကင်းလုံခြုံမှုရှိ၊ မရှိနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင် စိုးရိမ်လာခဲ့တယ်။ အဲဒီပြဿနာကို လက်ရှိ ရှိနေတဲ့ ကာကွယ်ဆေး လုံခြုံမှုဆိုင်ရာ ထောက်လှမ်းရေးစနစ်တွေက တားဆီးနိုင်မှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် အရမ်းစိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ နောက်ဆက်တွဲဆိုးကျိုးများ တိုးလာတဲ့ လက္ခဏာတွေရှိ မရှိ သိရဖို့ the Israel National EMS အချက်အလက်တွေကို လေ့လာဆန်းစစ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်” ဟု သူက ပြောပြပြီး လေ့လာမှုလေး ငါးခု၏ ရလာဒ်များနှင့် သူ၏ပြောကြားချက်မှာ မှန်ကန်ကြောင်း သက်သေပြခဲ့သည်။

“ကျွန်တော်တို့ နှလုံးရပ်သွားခြင်းကို ဖြစ်စေတဲ့ ရောဂါသတ်မှတ်ချက် ပမာဏ ၂၅ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရှိရတယ် ၊ ဒါဟာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တလျှောက်အထိ ရောဂါသတ်မှတ်ချက် အချက်အလက်တွေနဲ့ EMS ရဲ့အချက်အလက်တွေကို လေ့လာသုံးသပ်ချက်က အရမ်းစိုးရိမ်စရာကောင်းတဲ့ အချက်အလက်တွေကို ဖော်ထုတ်ပြသခဲ့ပါတယ်။ အသက် ၁၆ ကနေ ၃၉ အထိ အသက်အရွယ်ကြား နှလုံးရပ်သွားခြင်းနှင့်ဆိုင်တဲ့ ရောဂါသတ်မှတ်ချက် ၂၅ ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့ရှိရပါတယ်။

၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း အစ္စရေးနိုင်ငံမှာ ကာကွယ်ဆေးအစီအစဥ်ကို စတင်တဲ့အခါ အသက်ကြီးအရွယ်တွေမှာ အနည်းငယ်တိုးလာတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် နှလုံးရပ်မှုဖြစ်ခြင်း ရောဂါသတ်မှတ်ချက်တွေပါတဲ့ EMS ရဲ့ အချက်အလက်အရေအတွက်နဲ့ ပြည်သူတွေကို ထိုးပေးတဲ့ Pfizer ကာကွယ်ဆေးပမာဏ အရေအတွက်ကြား စာရင်းဇယားအရ ထင်ရှားတဲ့ ဆက်နွယ်မှုတွေရှိတယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ရပါတယ်” ဟု ပါမောက္ခ Levi မှ ဆိုသည်။

ယူကေ၊ စကော့တလန် နဲ့ သြစတြေးလျ တို့က ရရှိသည့်အချက်အလက်များသည်လည်း အစ္စရေးက အချက်အလက်များနဲ့ တပုံစံတည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အစ္စရေး၏ the EMS သည် အသက်ရှုအောင်လုပ်ပေးသည့် ဖြစ်စဥ်ပေါင်း ၃၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ရပြီး ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဥ်လျှင် ၂၇ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရကြေား အစ္စရေးက ရရှိသည့် အချက်အလက်အသစ်တွေက ညွှန်ပြနေသည်။

နှလုံးပျက်စီးမှု နှုန်းသည် ဆေးရုံဆေးခန်းက ရောဂါသတ်မှတ်ချက်ထက် သိသိသာမြင့်မားနေသည်ဆိုသည့် အချက်ကိုလည်း ကာကွယ်ဆေးတစ်မျိုးမရခင် နဲ့ ရပြီး ကာကွယ်ဆေးများကို စမ်းသပ်ခဲ့သည့် ထိုင်းနိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှ ရရှိသည့် လေ့လာမှု နှစ်ခုက ပြသနေသည်။ ဤအချက်သည် ၂၀၁၅ ခုနှစ်က အမေရိကန်စစ်တပ်တွင် ရေကျောက် ကာကွယ်ဆေးနဲ့ဆိုင်သည့် အလားတူလေ့လာမှု တစ်ခုကိုဆောင်ရွက်သောအခါ တွေ့ရှိချက်နဲ့ တထေရာတည်းဖြစ်ကြောင်းဆိုသည်။

နောက်ထပ် ဟားဗတ် ဆေးတက္ကသိုလ်၏ လေ့လာ တွေ့ရှိချက်တစ်ခုကတော့ ကာကွယ်ဆေးကြောင့် နှလုံးရောင်နေသည့် ကလေးများ၏ သွေးတွင် ဂလူးကိုစ့်များ စုပုံလာတာမျိုးကို တွေ့ရှိရသည်။ ဤသည်မှာ နောက်ထပ် အန္တရာယ်ဖြစ်စေမည့် အကြောင်းအရင်းတစ်ခုရှိကြောင်းကို ညွန်ပြနေခြင်းဖြစ်သည်။ သို့သော်လည်း mRNA နဲ့ ကွန်ပေါင်းများသည် သွေးလည်ပတ်မှုစနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်ကို ကျွန်တော်တို့ ထပ်ခါတလဲလဲတွေ့နေရသော်လည်း ကာကွယ်ဆေးက ဘေးကင်းမှုရှိ မရှိနဲ့ပတ်သတ်ပြီး ပိုမိုကျယ်ပြန့်သည့် ပတ်သတ်မှုများရှိနေကြောင်း သူက ဆက်ပြောပြသည်။

နောက်ဆုံးတွင် ကာကွယ်ဆေးထိုးပြီးနောက် များမကြာမီ သေဆုံးသွားခဲ့သူများ၏ အလောင်းကို ခွဲစိတ်သည့်အခါ သေဆုံးမှုသည် ကာကွယ်ဆေးထိုးပြီးနောက်ဖြစ်လာသည့် နှလုံးရောင်ရမ်းခြင်းကြောင့် ဖြစ်သည် ဆိုသည့် ခိုင်မာသောအထောက်အထားကို ဖြစ်စဥ် အများကြီးတွင် တွေ့ရှိခဲ့ရသည်။

“ဒီလို့ သက်သေအထောက်အထားနဲ့ ပြပေမယ့် mRNA ကာကွယ်ဆေးအစီအစဥ်တွေကို ရပ်တန့်ပြီး စျေးကွက်ထဲက ဆေးထုတ်ကုန်များကို ဖယ်ရှားခြင်းကလွဲရင် တခြားသော ကျင့်ဝတ်ဆိုင်ရာ၊ သိပ္ပံဆိုင်ရာ ရွေးချယ်စရာမျိုး မရှိဘူးလို့ ထင်ပါတယ်။ ဒီအချက်ဟာ ဘေးကင်းမှုရော ၊ ထိရောက်မှုအပိုင်းမှာပါ ဆေးပစ္စည်းထုတ်ကုန်သမိုင်းမှာ အန္တရာယ်အများဆုံးသော ဆေးပစ္စည်းတစ်မျိုးဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်” ဟု သူက ဆိုသည်။

ဒီပြဿနာက အရမ်းကြီးမားသည်

mRNA ကာကွယ်ဆေးစီမံခန့်ခွဲခြင်းကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုလာသည့် ဒေါက်တာ Aseem Malhotra ကလည်း ပါမောက္ခ Levi ၏ ဗီဒီယိုကို သူ့လူမှုကွန်ယက်အကောင့်များတွင် ဝေမျှကာ ဆေးဝါးဆိုင်ရာ လုံခြုံမှုနဲ့ဆိုင်သည့် ကျွမ်းကျင်ပါမောက္ခ Levi သည် mRNA ကိုဗစ်ဆေးအားလုံးကို အလျင်အမြန် ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြောင်း စာရေးသားကာ ပို့စ်တင်ခဲ့သည်။

“လူငယ်တွေနဲ့ ကလေးတွေ သေဆုံးမှုအပါအဝင် မကြုံစဖူးတဲ့ ပြဿနာကို ဖြစ်စေတဲ့အတွက် ဒီဆေးတွေ အသုံးပြုတာကို ရပ်သင့်ပါတယ်၊ ဒီပြဿနာက ပေါ့သေးသေး မဟုတ်ပါဘူး”

TIMES OF INDIA သတင်းပါ Coronavirus vaccine: MIT Professor calls for immediate suspension of COVID mRNA vaccine ကို ကျော်ဇံ ဘာသာပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ