သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့ပေါ်တွင် စစ်ကောင်စီအဖွဲ့ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရ
အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမှတ် ၄ ညောင်ပင်ဈေးရပ်ကွက်မှ အသက် ၄၀ နှစ် အရွယ်ရှိ ဦးဖိုးကျော် သေဆုံးနေသည်ကိုတွေ့ရစဥ်

AB News – ဒီဇင်ဘာ ၂၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ သံတွဲ မြို့ပေါ်တွင် စစ်ကောင်စီအဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်၊ ညနေ ၃ နာရီခန့်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၄ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် မြို့ခံအရပ်သား ၁ဦး သေဆုံးခဲ့ရပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံများက အတည်ပြု ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အမှတ် ၄ ညောင်ပင်ဈေးရပ်ကွက်မှ အသက် ၄၀ နှစ် အရွယ်ရှိ ဦးဖိုးကျော် သေဆုံးခဲ့ရသည်။

ထို့အတူ ညောင်ပင်ဈေးရပ်ကွက်မှ ဒေါ်ခင်ခင်နွယ် ၆၀နှစ်၊ ဦးသန်းဝင်း ၅၈နှစ်နှင့် သမုတ်ချောင်းရပ်ကွက်မှ ဦးအောင်သိန်းတင် ၆၈နှစ်၊ ဒေါ်အေးအေးသန်း ၅၂နှစ်၊ ဒေါ်နွယ်နွယ် ၅၂နှစ်နှင့် ဒေါ်မလုံးတို့လည်း ဗုံးစထိမှန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့၊ ညနေ ၃ နာရီမှ ၃နာရီခွဲခန့် အချိန်ထိ စစ်ကောင်စီအဖွဲ့သည် သံတွဲမြို့ပေါ်ရှိ ရပ်ကွက် ၂ခုအား ဗုံး ၄ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးက AB News သို့ ပြောသည်။

“မနေ့က သံတွဲ မြို့ထဲကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ ၄ကြိမ် ဗုံးကြဲချခဲ့တယ်။ ညောင်ပင်ဈေးရပ်ကွက်နဲ့ သမုတ်ချောင်းရပ်ကွက်တွေကို ကြဲချခဲ့တာပါ။ အမျိုးသား ၁ဦး သေဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာ ရခဲ့ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးခန်းများတွင်သာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဆွေမျိုးတော်စပ်သူများက ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာဖြင့် လာရောက်ကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်ပြည်စစ်မျက်နှာတွင် အရှုံးနှင့်သာ ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ပြည်သူများကို သတ်ဖြတ်ခြင်း၊ မြို့၊ ရွာများကို မီးရှို့ခြင်း၊ ဆေးရုံဆေးခန်းများ၊ ပညာရေးအဆောက်အဦးများ၊ ဘာသာရေးအဆောက်အဦးများကို ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ