သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သပိတ်ကျင်းမြို့နယ်ကို အကြမ်းဖက် စစ်ကောက်စီက ဗုံးကြဲတိုက်ခိုက် ၊ ၁၃ ဦးသေဆုံး ၊ ကလေး ၂ ဦးပျောက်ဆုံးကာ ၂၀ ကျော်ဒဏ်ရာရရှိ

AB News – ဧပြီ ၁၉ ၊ ၂၀၂၅

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ် ၊ ရေထွက်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးပျောက်ဆုံးနေကာ ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ ၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ရေထွက်ကျေးရွာရှိ စျေးတန်းကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုင်တာဖြင့် ပေါင် ၃၀၀ ဗုံး ၁ လုံး နှင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသွားသူများမှာ နီးစပ်ရာ ဆေးခန်း၌ ဆေးကုသမှုခံယူနေပြီး အပျက်စီးများကြားတွင် ကလေးငယ် ၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သော ဗုံး ၁ လုံးသည် ဓာတ်ဆီဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂၆ ဆောင် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မွန်းလွဲအချိန်တွင်လည်း အကြမ်းဖက် စစ်ကောင်စီက သပိတ်ကျင်းမြို့နယ် ၊ လိပ်ကျကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ