သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
‎မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ ဦး သေဆုံး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရ



‎AB News – သြဂုတ် ၂၊ ၂၀၂၅
‎နွယ်စိုး

‎တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မိုးကုတ်မြို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ထုတ်ပြန်သည်။

‎ယနေ့ သြဂုတ်လ ၂ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီ ၂၅ မိနစ်က မိုးကုတ်မြို့အနောက်ပိုင်းအတွင်း ပြည်သူလူထုများ အသွားအလာများနေချိန် စစ်ကောင်စီမှ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့သည်ဟု TNLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‎အဆိပါ ဗုံးကြဲတိုက်ခိုက်ကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မှုပြီး၊ ကလေး၁ ဦး နှင့် အမျိုးသား ၁၀ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

‎ယင်းအပြင် နေအိမ် ၁၀လုံး ၊ ကား ၃ စီးနှင့် ဆိုင်ကယ် ၃စီးလည်း ဗုံးစထိမှန်၍ ပျက်စီးခဲ့သည်။

‎စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးကုတ်မြို့အား လေကြောင်းတိုက်ခိုက်မှု (၅)ကြိမ် ပြုလုပ်ခဲ့သဖြင့် ကလေး ၂ ဦး၊ အမျိုးသမီး ၁ဦး နှင့် အမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦး၊ အမျိုးသမီး ၁၂ဦးနှင့် အမျိုးသား ၂၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ