သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မန္တလေးအိုးဘိုအကျဥ်းထောင် စစ်ကော်မရှင်ဗုံးကြဲမှု နိုင်ကျဥ်း ၇ ဦးသေဆုံး
မန္တလေးအိုးဘိုအကျဥ်းထောင် စစ်ကော်မရှင်ဗုံးကြဲမှု နိုင်ကျဥ်း ၇ ဦးသေဆုံး

AB News – သြဂုတ် ၁၆၊ ၂၀၂၅
မျိုးဟိန်း

မန္တလေးအိုးဘိုအကျဥ်းထောင်ကို စစ်ကော်မရှင်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နိုင်ငံရေးအကျဥ်း သား ၇ ဦးသေဆုံးခဲ့ကြောင်း ယနေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) မှ ထုတ်ပြန်ထားသည်။

အဆိုပါဗုံးကြဲမှုသည် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးအိုးဘိုအကျဥ်းထောင်ရှိ အမျိုးသား အဆောင် ၄ နှင့် ၅ ကို စစ်ကော်မရှင်မှ လာရောက်ဗုံးကြဲချခြင်းဖြစ်သည်။

ထိုဗုံးကြဲမှုကို စစ်ကောင်စီမှ ငြင်းဆိုထားသည့်အပြင် အကျဥ်းသားများကို ၎င်းကိစ္စနှင့်ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲကာ ရိုက်နှက်စစ်ဆေးမှုများလည်း ရှိနေကြောင်း PPNM မှ ဆိုသည်။

ထိုအပြင် စစ်ကော်မရှင်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် အကျဥ်းထောင်များသို ပစ်မှတ်ထားတိုက်ခိုက်နေမှုများကို PPNM မှ ပြင်းထန်စွာ ကန့်ကွက်ထားသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် အကျဥ်းသားများသည် စစ်ကော်မရှင်၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရသော နိုင်ငံရေးအကျဥ်းသားများဖြစ်ပြီး အသက်ရှင်ပိုင်ခွင့်အပြည့်အဝရှိသူများဖြစ်ကြောင်း PPNM ပြော သည်။

PPNM အနေဖြင့် နိုင်ငံရေးအကျဥ်းသားများ၏ အသက်ရှင်သန်ခွင့်အပါအဝင် လူတစ်ဦးတစ်ယောက် ရရှိရမည့် အခွင့်အရေးများကို ကာကွယ်နိုင်ရန် နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအပြင် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်တွင်လည်း မိုးကုတ်မြိုအရှေ့ပိုင်းကို စစ်ကော်မရှင်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲချခဲ့သောကြောင့် ဒေသခံပြည်သူ ၂၁ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း TNLA မှ ပြောသည်။

မြန်မာနိုင်ငံအနှံမြိုပေါင်း ၆၃ မြိုနယ်ကို လက်လွှတ်ထားရသည့် စစ်ကော်မရှင်သည် ၎င်းတိုဆုံးရှုးမြိုနယ်များကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ခြင်းအပြင် ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူများ ထိခိုက်သေဆုံးနစ်နာမှုများရှိနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ