သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နောင်ချိုတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် ၁ ပါးထိခိုက်ဒဏ်ရာရ

AB News-မတ်လ ၁ ရက်၊ ၂၀၂၅

တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ၏ သတင်းပြန်ကြားရေးတွင် ဖော်ပြထားပါသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လည် ၃ နာရီခန့်​နှင့် ညနေ ၃ နာရီ ၁၃ မိနစ်အချိန်များတွင်   နှစ်ကြိမ်တိုင်တိုင် ဗုံး ၃ လုံးလာရောက်ကြဲချခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း သီလရှင်တစ်ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၅ ဆောင်နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ရက်ကလည်း နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူများအား တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ