သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒုတိယအကြိမ် အပစ်ရပ်စဲနေ့တွင် ဒီပဲယင်းမြို့နယ် ဗုံးကြဲခံရ၊ ၅ ဦးသေဆုံး

AB News – ဧပြီ ၂၃၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်လှုပ်တောင်ကျေးရွာကို ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၁ မိနစ်အချိန်တွင် စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲသောကြောင့် အသက်မပြည့်သေးသည့် အမျိုးသမီးကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၅ ဦးထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လက်လှုပ်တောင်ကျေးရွာမှ သေဆုံးသူများမှာ ဒေါ်လုံး၊ မဂျယ်ဦး (အသက် ၁၃ နှစ်)၊ ကိုဆန်းဇော် (အသက် ၄၅ နှစ်)၊ အောင်ကျော် ကျော် (အသက် ၂၆ နှစ်)၊ ဒေါ်ဆောင်း (အသက် ၈၀ နှစ်) တို့ဖြစ်ပြီး ၎င်းကျေးရွာနေပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပထမအကြိမ် စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်းထုတ် ပြန်ပြီး ဒုတိယအကြိမ် ဧပြီလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထုတ်ပြန်ပြီးနောက် လေကြောင်း တိုက်ခိုက်မှု ထပ်မံကျူးလွန်ခြင်းဖြစ်သည်။

အပစ်ရပ်စစ်ကောင်စီသည် တိုက်ပွားနှင့်မသက်ဆိုင်သည့် ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းများနှင့် ဒေသခံပြည်သူများနေထိုင်သည့် နေရာများသို့ လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ်ရက်ဆက်ပြုလုပ်နေကြောင်း ဒေသခံများမှ ပြောဆိုကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ