
ABNews-ဒီဇင်ဘာ ၁၊၂၀၂၄
ယမန်နေ့ နိုဝင်ဘာလ ၃၀နေ့ အစောပိုင်းက ထိုင်းရေပိုင်နက်တွင် ငါးဖမ်းနေသော ထိုင်းငါးဖမ်းစက်လှေ ၃စီးကို မြန်မာစစ်သင်္ဘောများမှ ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းကြောင့် ရေလုပ်သား ၁ဦးသေဆုံး၍ ၃၁ဦးကို ဖမ်းဆီးခံထားရကြောင်း ထိုင်းသတင်းဌာန တွင်ဖော်ပြထားသည်။
အခင်းဖြစ်ပွားပြီး နံနက် ၃ နာရီ ၃၀ မိနစ်တွင် ထိုင်းကင်းလှည့်ရေယာဉ် ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ရနောင်းမြို့သို့ ပို့ဆောင်ခဲ့၍ ဆေးကုသပေးနေကြောင်း ထိုင်းအာဏာပိုင်များမှ ပြောဆိုထားသည်။
မြန်မာစစ်တပ်အနေဖြင့် ထိုင်းငါးဖမ်းစက်လှေ၂စင်းကို မြန်မာရေပိုင်နက်အတွင်းသို့ ဖမ်းဆီးသွားခဲ့၍သင်္ဘောသား နှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတွင်ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသည့် ၃၁ ဦးထဲတွင် ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၂၇ ဦးပါဝင်သည်ဟု The Nationတွင် ဖော်ပြထားသည်။
ယင်းအပြင်ထိုင်းရေပိုင်နက်အတွင်း မြန်မာကင်းလှည့်ရေယာဉ်များအနေဖြင့် ကျူးကျော်ဝင်ရောက်မှုနှင့် ထိုင်းလှေများအား ဖမ်းဆီးသွားခြင်းကို တရားဝင် ကန့်ကွက်ထားကြောင်း အာဏာပိုင်များက ပြောကြားထားသည်။
လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ထိုင်းရေလုပ်သားများအား ပြန်လည်လွတ်မြောက်ရန်အတွက် ထိုင်းအားဏာပိုင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref-The Nation