သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ထန်းတပင်မြို့နယ်တွင် စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး၂ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ

AB News – ဇန်နဝါရီ ၂၂ ၊ ၂၀၂၆

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မော်နေဘွာကျေးရွာအုပ်စု၊ ဇီဒေါခိုရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ တွင် KNU က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်၊ နေ့လယ် ၁ နာရီ၊ ၄၅ မိနစ် အချိန်တွင် စစ်ကော်မရှင်မှ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈၅ နှစ်အရွယ် နော်ဖော်ဆဲနှင့် အသက် ၅၅ နှစ်အရွယ် နော်မူသဲတို့ သေဆုံးခဲ့ပြီး အသက် ၅၂ နှစ်အရွယ် နော်ဝါး နှင့် အသက် ၆၂ နှစ်အရွယ် နော်ချာတို့ ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၆ လုံး ပျက်စီးခဲ့ရသည်။

အကြမ်းဖက် စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရွာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ လိုအပ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ