သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တောင်ကုတ်မြို့မှ စျေး ၂ ခုကို အကြမ်းဖက် စစ်ကောင်စီကဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက် ၊ စျေးဆိုင်ခန်း ၈၀ နီးပါးပျက်စီး

AB News – ဒီဇင်ဘာ ၅ ၊ ၂၀၂၄

ရက္ခိုင်ပြည် ၊ တောင်ကုတ်မြို့ရှိ ၊မြို့မစျေးနှင့် ညစျေးတန်းကို အကြမ်းဖက် စစ်ကောက်စီက ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စျေးဆိုင်ခန်း ၈၀ နီးပါးပျက်စီးသွားကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ ၊ ညနေ ၃ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက တောင်ကုတ်မြို့မှ မြို့မစျေးနှင့် ညစျေးတန်းတို့ကို ဂျက်တိုက်လေယာဥ်၂ စီးဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မြို့မစျေးမှ စျေးဆိုင်ခန်းပေါင်း ၅၀ ကျော် ပြိုပျက်ပျက်စီးသွားပြီး ၊ ညစျေးတန်းတွင် စျေးဆိုင် ၂၀ ကျော်ပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“ညနေပိုင်းလောက်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပထမတုန်းကကျတေ့ာ ဂျက်တိုက်လေယာဥ်က ဝုန်းခနဲ့ဆိုတာနဲ့ ဗုံးကနဲ့ပေါက်ကွဲသံကြားတယ်။ ၂ မိနစ်လောက်တောင်မကြာဘူး နောက် ၁ စီးထပ်လာပြီး ဗုံးချသွားတယ်။ ဗုံးကတေ့ာ ၂ လုံးကျတာပေါ့” ဟုဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ ၊ ညနေ ၄ နာရီ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် တောင်ကုတ်မြို့ကို Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကံပိုင် ရပ်ကွက်မှ ပြည်သူပိုင်နေအိမ်အချို့နှင့် ညစျေးမီးလောင်ပျက်စီးသွားခဲ့ရသည်။

လက်ရှိတွင် စစ်ကောင်စီသည် ပြည်သူများနေထိုင်သည့် ကျေးရွာများ၊ လူနေထူထပ်သည့်အဆောက်အအုံများ ၊ စျေးများ ၊ လမ်းများ ၊ တံတားများ၊ စာသင်ကျောင်းများ ၊ ဘုန်းကြီးကျောင်းများ နှင့် ဗလီများကိုဂျက်ဖိုက်တာဖြင့် နေ့စဥ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ