
AB News – သြဂုတ် ၇၊ ၂၀၂၅
ချန်ဒြာ
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ် ၇)၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဗုံးသည် ပြည်သူပိုင်နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်ပျက်စီးခဲ့ရပြီး၊ အနီးအနားတွင် ပေါင်းရှင်းနေသူ အရပ်သား ၁ ဦးမှာ လည်ပင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ဆုံးရှုံးခဲ့သည့် နယ်မြေများကို ပြန်လည်ထိုးစစ်ဆင်ရာတွင် လက်နက်ကြီးများ၊ လေကြောင်းတိုက်ခိုက်မှုများကို အသုံးပြုခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း ထီးလင်းနှင့် ဆောမြို့နယ်တို့တွင် တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရသည်။
ထို့ကြောင့် ကျောက်ထုတပ်နှင့် အနီးအနားရှိကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် လုံခြုံရေးကို ယခင်ကထက် ပိုမိုဂရုစိုက်ကြရန် သတိပေးတိုက်တွန်းထားသည်။