သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းပြည်နယ် မင်းတပ်မြို့ ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာ ဖြင့်ဗုံးကြဲတိုက်ခိုက်၊ လူနာ ၂ ဦးအထက်သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့ ဝမ္မသူးဆေးရုံးအား စစ်ကောင်စီက ဧပြီလ ၂၅ ရက်နေ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံတွင်း ဆေးကုသမှုခံယူနေရသည့် လူနာ ၂ ဦးအထက် သေဆုံးသွားခဲ့ကြောင်း Chin Defence Force – Mindat က သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတစ်ခုလုံး မီးလောင်ပျက်စီးသွားသည်ကို တွေ့ရသည်။

ထုတ်ပြန်ချက်တွင် ယနေ့ ည ၈ နာရီအချိန်တွင် မင်းတပ်မြို့နယ်၊တိုက်နယ် (၂)ရှိ ဝမ္မသူးဆေးရုံအား ဂျက်တိုက်လေယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူလျက်ရှိသည့်အရပ်သား ပြည်သူများ ထိခိုက်မှုများစွာရှိပြီး သေဆုံးသူ ၂ ဦးအထက်ရှိခဲ့ကြောင်း ဆိုသည်။

ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိသည့် အခြားနေရာများတွင်လည်း လေကြောင်းတိုက်ခိုက်ခံရမှုရှိပြီး ထိခိုက်မှုအားအသေးစိပ်ကို မသိရှိရသေးဟု ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ