သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်၊ စနဲမြို့သို့ စစ်ကောင်စီက ဒရုန်းဖြင့် ၃ ကြိမ် ထပ်မံပစ်ခတ်၊ အဆောက်အဦး အချို့မီးလောင်ပျက်စီး

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့သို့ အကြမ်းဖက် စစ်ကောင်စီက ဒရုန်းဖြင့် ၃ကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ အဆောက်အဦးအချို့ မီးလာင်ပြာကျသွားကြောင်း သတင်း ရရှိသည်။

အကြမ်းဖက် စစ်ကောင်စီ၏ အမှတ် ( ၁၈ )တောင်မော်ကြီးရေတပ်စခန်းမှ ယနေ့ မေလ ၉ ရက်၊ နံနက် ၁၀ နာရီ ၁၄ မိနစ်တွင် စနဲမြို့၊ တောင်ငူစုရပ်ကွက်အနီး စျေးပတ်ဝန်းကျင်နှင့် ကားဂိတ်အနီးသို့ ဒရုန်းဖြင့် ၃ ကြိမ်တိုင်တိုင် ထပ်မံပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီက ဒရုန်းနဲ့ ၃ ခေါက်ဗုံးကြဲတယ်။ ဗုံး ၈ လုံးက စျေးအနီးပတ်ဝန်းကျင်တွေနဲ့ ကားဂိတ်အနီးမှာကျရောက်ပေါက်ကွဲသွားတယ်။ နေအိမ်၊ အဆောက်အဦးတွေ ပျက်စီးသွားတယ်” ဟုဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် စနဲမြို့သို့ ၁၀ နာရီ ၁၄ မိနစ်တွင်တစ်ကြိမ်၊ ၁၀ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ်နှင့် ၁၀ နာရီ ၅၉ မိနစ်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ယမန်နေ့ မေလ ၈ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင်လည်း စစ်ကောင်စီက ဒရုန်းဖြင့် မြို့မစျေးထဲသို့ ဗုံး ၂ လုံး ကြဲချခဲ့ရာ ဒေသခံတစ်ဦးသေဆုံးခဲ့ရပြီး စနဲမြို့မစျေးလည်း မီးလောင်ပြာကျသွားခဲ့ရ ကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူပိုင်ပစ္စည်းများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း ရွာထဲသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများကို ဆက်တိုက်ကျူးလွန်လျက်ရှိသည်ကို တွေ့ရသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ပေါက်တောမြို့မစျေး၊ မင်းပြားမြို့မစျေး၊ စနဲမြို့မစျေး၊ ရမ်းဗြဲမြို့မစျေး၊ ပုဏ္ဏားကျွန်းမြို့မစျေးများအား မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ