သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကော်မရှင် လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး အပါဝင် အရပ်သား ၂ ဦး သေဆုံး၊ ၈ ဦးဒဏ်ရာရ



‎AB News – ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆

‎ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ရွာနှင့် ငအုပ်ရွာကို စစ်ကော်မရှင်က လေကြောင်းအပါဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါဝင် အရပ်သား ၂ ဦးသေဆုံးပြီး အရပ်သား ၈ ဦးအထိ ထိခိုက်ဒဏ်ရာရှိသွားကြောင်း APM တွင် ဖော်ပြသည်။

‎ယ​နေ့ ဖေဖော်ဝါရီလ ၁၅ ရက်၊ မွန်းလွှဲ ၃ နာရီခန့်တွင် စစ်ကော်မရှင်က အသေခံဒရုန်း ၂ စင်းဖြင့် ကျောက်ဖြူမြို့နယ်၊ ငအုပ်ရွာသို့ ဗုံး ၂ လုံးလာရောက်ကြဲချခဲ့ကြောင်းသိရသည်။

‎အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငအုပ်ရွာမှ အရပ်သားနေအိမ် ၄ လုံးနှင့် စျေးဆိုင် ၂ ဆိုင် မီးလောင်ပျက်စီခဲ့ရကြောင်း သိရသည်။

‎ထို့နောက် ညနေ၊ ၃ နာရီ ၁၀ မိနစ်နှင့် ၃ နာရီ ၃၅ မိနစ်ကြားအချိန်တွင် ဝမျှောရွာနှင့် ငအုပ်ရွာကြား ပင်လယ်ပြင်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်အနီး နေဗီများမှ ဝမျှောရွာနှင့် ငအုပ်ရွာကို လက်နက်ကြီးကျည် ၂၂ လုံးအထိ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

‎အဆိုပါပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ရွာမှ အသက် ၇ နှစ်အရွယ် မခင်ထက်ထက်စိုးနှင့် ဒေါ်ခင်ဆန်းဝေ အသက် ၄၃ နှစ်တို့မှာ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

‎ထို့သို့ လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဝမျှောရွာမှ ဦးမြင့်လှိုင်ချေ ( ၄၅) နှစ်၊ ဒေါ်သန်းနုခင် ( ၅၆) နှစ်၊ ဒေါ် မဝေချမ်း ( ၆၀) နှစ်၊ ဒေါ် ခင်ဆန်းအေး (၄၂) နှစ်၊ ဦးဘာစိကေ (၄၆) နှစ်၊ ငအုပ်ရွာမှ ဒေါ်ဝေဝေမိုး ၃၈ နှစ်နှင့် ရေနံတောင်ရွာမှ ငအုပ်ရွာသို့ စစ်ဘေးတိမ်းရှောင်နေသူ ဒေါ်ခင်လှချေ (၅၅) နှစ်၊ ကြတ္တိန်ရွာမှ ဒေါ်ဝေစံခင် (၃၄) နှစ်တို့ ထိခိုက်ဒဏ်ရာရှိခဲ့ရကြောင်း သိရသည်။

‎အလားတူ ဖေဖော်ဝါရီ ၁၄ ရက်၊ ညနေ ၅ နာရီခန့်အချိန်တွင် စစ်ကော်မရှင်နေဗီမှ လက်နက်ကြီးပစ်ခတ်မှုကြောင်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာမှ အသက် (၈၀) အရွယ် ဒေါ်စောမဖြူ သေဆုံးခဲ့ရကြောင်း သိရသည်။

‎လက်ရှိ စစ်ကော်မရှင်နှင့် အာရာက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသော ကျောက်ဖြူတွင် စစ်ကော်မရှင်၏ လေကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှုများ နေစဥ်မြင့်တက်လျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ